ဖမ်းဆီးခံရပြီးနောက် မိသားစုနဲ့လုံးဝ အဆက်အသွယ်ပြတ်နေပြီဖြစ်တဲ့ ချယ်ရီထက်

ဖမ်းဆီးခံရပြီးနောက် မိသားစုနဲ့လုံးဝ အဆက်အသွယ်ပြတ်နေပြီဖြစ်တဲ့ ချယ်ရီထက်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်သည် ဖမ်းဆီးထိန်းသိမ်းခံရပြီး လက်ရှိအချိန်တွင် မိသားစု၊မိတ်ဆွေအပေါင်းအသင်းများနှင့်ပါ အဆက်အသွယ် မရရှိဖြစ်နေကြောင်းကို ၎င်း၏မိသားစုဝင်များထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်တပ်က အာဏာသိမ်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးခဲ့သော်လည်း သက်တော်စောင့်များကိုတော့ နေပြည်တော်က ဝန်ထမ်းလိုင်းခန်းများတွင် စောင့်ကြည့်ကာ စက်တင်ဘာလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနေ့တွင် ဒေါ်အောင်ဆန်းစုကြည် သက်တော်စောင့်တာဝန်ယူခဲ့သည့် ဒုရဲအုပ်ချယ်ရီထက်နှင့် အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်တို့နှစ်ဦးအား စစ်တပ်မှတပြိုင်တည်း အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းတို့၏နီးစပ်သူတစ်ဦးက ပြောသည်။

“အရင်ကတော့ ရဲတပ်ရင်းလိုင်းခန်းမှာပဲ ဘာမှမလုပ်ဘဲ အကျယ်ချုပ်လို နေခိုင်းထားတာ။ စပြီးဖမ်းခံရတဲ့အချိန်ကစလို့ ဘယ်ရောက်နေတယ် ဘယ်လိုဖြစ်နေတယ်။ နေကောင်းလား ကျန်းမာလားဆိုတာအထိ ဘာသတင်းမှမသိရတော့ဘူး ” ဟု ၎င်းကဆိုသည်။

အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံ၏ နေအိမ်သို့လာရောက်သည့် စစ်သားများကို ဝင်ရောက်ရန်အတွက် ဂိတ်တံခါးမဖွင့်ပေးသည့်အတွက် စစ်သားများက အုတ်တံတိုင်းဖြိုဖျက်ကာ အတင်းဝင်ရောက်ခဲ့သည့် အဖြစ်အပျက်များလည်းရှိခဲ့ကြောင်း နီးစပ်သူများ၏ ပြောပြချက်အရသိရသည်။

“ အာဏာသိမ်းတဲ့အချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်ကဘယ်လိုတွေပြောဆိုတယ်။ ဘာတွေလုပ်ခဲ့လဲဆိုတာကို အစအဆုံးသေချာသိတာကတော့ သက်တော်စောင့် အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်ပဲ ချယ်ရီထက်နဲ့အတူ အဖမ်းခံရပြီးကတည်းက သူ့သတင်းအစအနကပျောက်သွားတယ်။ မိသားစုဝင်တွေကတော့ တော်တော်စိတ်ပူနေကြတယ်။ “ ဟု ယင်းတို့နှင့်နီးစပ်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုပြောဆိုခဲ့သည်။

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းကို နယ်သာလန်နိုင်ငံ The Hague မြို့ကို သွားရောက်ရင်ဆိုင်သည့် ခရီးစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူလိုက်ပါခဲ့ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးများတွင် ငယ်ရွယ်ပြီး ရုပ်ရည်ပြေပြစ်သည့် ဒုရဲအုပ်ချယ်ရီထက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း၊ ပြည်ပခရီးစဉ်များတွင် အမြဲလိုလိုတွေ့ရပြီး ရဲအုပ်ပြည့်ဖြိုးနိုင်မှာ လူသိနည်းသူတစ်ဦးဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနကအသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် ဒုရဲအုပ် ချယ်ရီထက်ကို ရာဇသတ်ကြီးဥပေဒပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကြောာင်း စက်တင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။

Zawgyi

ဖမ္းဆီးခံရၿပီးေနာက္ မိသားစုနဲ႔လုံးဝ အဆက္အသြယ္ျပတ္ေနၿပီျဖစ္တဲ့ ခ်ယ္ရီထက္

ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၏ သက္ေတာ္ေစာင့္အဖြဲ႕ေခါင္းေဆာင္ ရဲအုပ္ျပည့္ၿဖိဳးႏိုင္သည္ ဖမ္းဆီးထိန္းသိမ္းခံရၿပီး လက္ရွိအခ်ိန္တြင္ မိသားစု၊​မိတ္ေဆြအေပါင္းအသင္းမ်ားႏွင့္ပါ အဆက္အသြယ္ မရရွိျဖစ္ေနေၾကာင္းကို ၄င္း၏မိသားစု၀င္မ်ားထံမွ သိရသည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ နံနက္အေစာပိုင္းတြင္ စစ္တပ္က အာဏာသိမ္းခ်ိန္တြင္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္တပ္က ဖမ္းဆီးခဲ့ေသာ္လည္း သက္ေတာ္ေစာင့္မ်ားကိုေတာ့ ေနျပည္ေတာ္က ဝန္ထမ္းလိုင္းခန္းမ်ားတြင္ ေစာင့္ၾကည့္ကာ စက္တင္ဘာလ ၂၁ ရက္ေန႔က ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ယင္းေန႔တြင္ ေဒၚေအာင္ဆန္းစုၾကည္ သက္ေတာ္ေစာင့္တာဝန္ယူခဲ့သည့္ ဒုရဲအုပ္ခ်ယ္ရီထက္ႏွင့္ အဖြဲ႕ေခါင္းေဆာင္ ရဲအုပ္ျပည့္ၿဖိဳးႏိုင္တို႔ႏွစ္ဦးအား စစ္တပ္မွတၿပိဳင္တည္း အဖမ္းခံခဲ့ရျခင္းျဖစ္ေၾကာင္း ယင္းတို႔၏နီးစပ္သူတစ္ဦးက ေျပာသည္။

“အရင္ကေတာ့ ရဲတပ္ရင္းလိုင္းခန္းမွာပဲ ဘာမွမလုပ္ဘဲ အက်ယ္ခ်ဳပ္လို ေနခိုင္းထားတာ။ စၿပီးဖမ္းခံရတဲ့အခ်ိန္ကစလို႔ ဘယ္ေရာက္ေနတယ္ ဘယ္လိုျဖစ္ေနတယ္။​ ေနေကာင္းလား က်န္းမာလားဆိုတာအထိ ဘာသတင္းမွမသိရေတာ့ဘူး ” ဟု ၄င္းကဆိုသည္။

အဖြဲ႕ေခါင္းေဆာင္ ရဲအုပ္ျပည့္ၿဖိဳးႏိုင္သည္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ နံနက္အေစာပိုင္းတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံ၏ ေနအိမ္သို႔လာေရာက္သည့္ စစ္သားမ်ားကို ၀င္ေရာက္ရန္အတြက္ ဂိတ္တံခါးမဖြင့္ေပးသည့္အတြက္ စစ္သားမ်ားက အုတ္တံတိုင္းၿဖိဳဖ်က္ကာ အတင္း၀င္ေရာက္ခဲ့သည့္ အျဖစ္အပ်က္မ်ားလည္းရွိခဲ့ေၾကာင္း နီးစပ္သူမ်ား၏ ေျပာျပခ်က္အရသိရသည္။

“ အာဏာသိမ္းတဲ့အခ်ိန္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အေပၚ စစ္တပ္ကဘယ္လိုေတြေျပာဆိုတယ္။ ဘာေတြလုပ္ခဲ့လဲဆိုတာကို အစအဆုံးေသခ်ာသိတာကေတာ့ သက္ေတာ္ေစာင့္ အဖြဲ႕ေခါင္းေဆာင္ ရဲအုပ္ျပည့္ၿဖိဳးႏိုင္ပဲ ခ်ယ္ရီထက္နဲ႔အတူ အဖမ္းခံရၿပီးကတည္းက သူ႔သတင္းအစအနကေပ်ာက္သြားတယ္။ မိသားစု၀င္ေတြကေတာ့ ေတာ္ေတာ္စိတ္ပူေနၾကတယ္။ “ ဟု ယင္းတို႔ႏွင့္နီးစပ္သည့္ ရဲတပ္ဖြဲ႕၀င္တစ္ဦးက မွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။

ျမန္မာႏိုင္ငံကို အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)တြင္ ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုထားျခင္းကို နယ္သာလန္ႏိုင္ငံ The Hague ၿမိဳ႕ကို သြားေရာက္ရင္ဆိုင္သည့္ ခရီးစဥ္တြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူလိုက္ပါခဲ့ေၾကာင္းသိရသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ အနီးကပ္လုံၿခဳံေရးမ်ားတြင္ ငယ္႐ြယ္ၿပီး ႐ုပ္ရည္ေျပျပစ္သည့္ ဒုရဲအုပ္ခ်ယ္ရီထက္သည္ ေဒၚေအာင္ဆန္းစုၾကည္၏ ျပည္တြင္း၊ ျပည္ပခရီးစဥ္မ်ားတြင္ အၿမဲလိုလိုေတြ႕ရၿပီး ရဲအုပ္ျပည့္ၿဖိဳးႏိုင္မွာ လူသိနည္းသူတစ္ဦးျဖစ္သည္။

အၾကမ္းဖက္စစ္ေကာင္စီ၏ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဌာနကအသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္သည့္ ဒုရဲအုပ္ ခ်ယ္ရီထက္ကို ရာဇသတ္ႀကီးဥေပဒပုဒ္မ ၅၀၅ (က)ျဖင့္ အမႈဖြင့္ထားေၾကာာင္း စက္တင္ဘာ ၂၆ ရက္ေန႔က ထုတ္ျပန္ထားသည္။

Leave a Reply

Your email address will not be published. Required fields are marked *