ရွာထဲတပ်စွဲခိုင်းမည်ဆိုသည့် ဆရာတော် ဆွမ်းဘုဉ်းပေးနေစဉ် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

ရွာထဲတပ်စွဲခိုင်းမည်ဆိုသည့် ဆရာတော် ဆွမ်းဘုဉ်းပေးနေစဉ် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာမှ ရွာတွင်စစ်တပ်ကိုခေါပြီး တပ်စွဲခိုင်းမည်ဆိုကာ ကျေးရွာသားများအား ခြိမ်းခြောက်သူဟု နာမည်ထွက်နေသည့် ကျောင်းထိုင်ဆရာတော် ဦးသောဘဏ ဆွမ်းဘုဉ်းပေးနေစဉ် သေနတ်ဖြင့်ပစ်သတ်ခံရကြောင်းသိရသည်။နိုဝင်ဘာလ ၁၁ ရက်က နေ့လယ်ခင်း ဆွမ်းဘုဉ်းပေးစဉ် ဦးခေါင်းသေနတ်ဖြင့် ပစ်ခတ်ခံရကာ ထိုနေရာ၌ပင် ပျံလွန်တော်မူသွားခြင်းဖြစ်သည်။

“ဘုန်းကြီးက ရွာကိုစစ်သားတွေလာပြီဆိုရင် သူကိုယ်တိုင် ဦးဆောင်ချက်ပြုတ်ပြီး ကျွေးမွေးတာ၊စစ်သားတွေသောက်ချင်စားချင်ပြီဆိုရင်လည်း ဟိုအိမ်ကဟိုဟာပေး ဒီအိမ်ကဒါပေးဆိုပြီး ပြောတာ၊ လွန်ဆန်တဲ့ အိမ်နောက်ရက် စစ်တပ်ကဝင်မွှေတာခံရတာပဲ” ဟု အမည်မဖော်လိုသည့် ဒေသခံက ပြောသည်။နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဝမ်းတွင်းမြို့အနောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ သဲတောလေးကျေးရွာသို့ စစ်ကားတစ်စီးဖြင့် စစ်တပ်မှစတင်ဝင်ရောက်လာခြင်းဖြစ်သည်။

ထို့နောက် နိုဝင်ဘာလ ၁၁ ရက် မနက်တရားဟောချိန် တရားနာသူများအား စစ်တပ်အား “တပ်စွဲခိုင်းလို့ရတယ်”ဟု ခြိမ်းခြောက်ခဲ့ပြီး‌နောက် နေ့လယ်ဆွမ်းဘုဉ်းပေးစဉ် သေနတ်ပစ်ခံရခြင်းဖြစ်သည်။“ဒီဘုန်းကြီးက နာမည်ကြီးတယ်။ မြို့ပေါ်မှာမိန်းမတွေဘာတွေလည်းရှိတယ်တဲ့။ အဲနေ့က တရားဟောတော့ ထည့်ပြောတာ၊ ခုစစ်တပ်လာတာ နည်းနည်းပဲရှိသေးတယ်။ ရုတ်ရုတ်လုပ်ရင် ရွာထဲမှာ တပ်စွဲခိုင်းလိုက်မယ်ဆိုပြီးပြောတာ” ဟုအဆိုပါဒေသခံကပြောသည်။

Zawgyi

႐ြာထဲတပ္စြဲခိုင္းမည္ဆိုသည့္ ဆရာေတာ္ ဆြမ္းဘုဥ္းေပးေနစဥ္ ပစ္ခတ္ခံရ၍ ပ်ံလြန္ေတာ္မူ

မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕နယ္၊ သဲေတာေလးေက်း႐ြာမွ ႐ြာတြင္စစ္တပ္ကိုေခါၿပီး တပ္စြဲခိုင္းမည္ဆိုကာ ေက်း႐ြာသားမ်ားအား ၿခိမ္းေျခာက္သူဟု နာမည္ထြက္ေနသည့္ ေက်ာင္းထိုင္ဆရာေတာ္ ဦးေသာဘဏ ဆြမ္းဘုဥ္းေပးေနစဥ္ ေသနတ္ျဖင့္ပစ္သတ္ခံရေၾကာင္းသိရသည္။ႏိုဝင္ဘာလ ၁၁ ရက္က ေန႔လယ္ခင္း ဆြမ္းဘုဥ္းေပးစဥ္ ဦးေခါင္းေသနတ္ျဖင့္ ပစ္ခတ္ခံရကာ ထိုေနရာ၌ပင္ ပ်ံလြန္ေတာ္မူသြားျခင္းျဖစ္သည္။

“ဘုန္းႀကီးက ႐ြာကိုစစ္သားေတြလာၿပီဆိုရင္ သူကိုယ္တိုင္ ဦးေဆာင္ခ်က္ျပဳတ္ၿပီး ေကြၽးေမြးတာ၊စစ္သားေတြေသာက္ခ်င္စားခ်င္ၿပီဆိုရင္လည္း ဟိုအိမ္ကဟိုဟာေပး ဒီအိမ္ကဒါေပးဆိုၿပီး ေျပာတာ၊ လြန္ဆန္တဲ့ အိမ္ေနာက္ရက္ စစ္တပ္ကဝင္ေမႊတာခံရတာပဲ” ဟု အမည္မေဖာ္လိုသည့္ ေဒသခံက ေျပာသည္။ႏိုဝင္ဘာလ ၁၀ ရက္ေန႔တြင္ ဝမ္းတြင္းၿမိဳ႕အေနာက္ဘက္ ၁၅ မိုင္ခန႔္အကြာရွိ သဲေတာေလးေက်း႐ြာသို႔ စစ္ကားတစ္စီးျဖင့္ စစ္တပ္မွစတင္ဝင္ေရာက္လာျခင္းျဖစ္သည္။

ထို႔ေနာက္ ႏိုဝင္ဘာလ ၁၁ ရက္ မနက္တရားေဟာခ်ိန္ တရားနာသူမ်ားအား စစ္တပ္အား “တပ္စြဲခိုင္းလို႔ရတယ္”ဟု ၿခိမ္းေျခာက္ခဲ့ၿပီး‌ေနာက္ ေန႔လယ္ဆြမ္းဘုဥ္းေပးစဥ္ ေသနတ္ပစ္ခံရျခင္းျဖစ္သည္။“ဒီဘုန္းႀကီးက နာမည္ႀကီးတယ္။ ၿမိဳ႕ေပၚမွာမိန္းမေတြဘာေတြလည္းရွိတယ္တဲ့။ အဲေန႔က တရားေဟာေတာ့ ထည့္ေျပာတာ၊ ခုစစ္တပ္လာတာ နည္းနည္းပဲရွိေသးတယ္။ ႐ုတ္႐ုတ္လုပ္ရင္ ႐ြာထဲမွာ တပ္စြဲခိုင္းလိုက္မယ္ဆိုၿပီးေျပာတာ” ဟုအဆိုပါေဒသခံကေျပာသည္။

Leave a Reply

Your email address will not be published.