ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် ပြည်သူတွေနဲ့အတူပူးပေါင်းပြီး လစဉ်တိုင်းလှူဒါန်းမှုတွေ ပြုလုပ်သွားမယ့် G-Fatt

ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် ပြည်သူတွေနဲ့အတူပူးပေါင်းပြီး လစဉ်တိုင်းလှူဒါန်းမှုတွေ ပြုလုပ်သွားမယ့် G-Fatt

ပရိသတ်ကြီးရေ.. လက်ရှိအခြေအနေတွေနဲ့ပတ်သတ်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တော်တော်တော်များများကလည်း လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်ပြီး အားလုံးနဲ့အတူ ရပ်တည်နေကြတာလည်း ဖြစ်ပါတယ်..။

ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အစစအရာရာ ပံ့ပိုးကူညီမှုတွေနဲ့ အားဖြည့်နေကြသလို ဂီအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော် G-Fatt ကလည်း လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်နေတာ တွေ့ရပါတယ်..။

လှုပ်ရှားမှုတွေအပြင်လှူဒါန်းမှုတွေမှာလည်း အားတက်သရောပါဝင်နေတဲ့ G-Fatt ကတော့ ဒီကနေ့ရဲ့မနက်ခင်းလေးကို ကောင်းမှုကုသိုလ်အလှူတွေနဲ့စတင်လိုက်ပြီး အသက်စွန့်သွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်..။

ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေရဲ့ကျန်ရစ်သူမိသားစုတွေအတွက် တစ်သက်တာလစဉ်ထောက်ပံ့ကြေးဖြင့် ဂုဏ်ပြုလှူဒါန်းသွားမယ့် Fallen Heroes Fund Myanmar ရဲ့ အစီအစဉ်လေးမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပြီး အမြဲတမ်းအဖွဲ့ဝင်အဖြစ် G-Fatt က ပါဝင်လှူဒါန်းမှာ ဖြစ်ပါတယ်..။

“ဒီနေ့မနက်ကို အလှူလေးနဲ့စပါမယ်
အမြဲတမ်းအဖွဲ့ဝင်အဖြစ် လှူဒါန်းသွားပါမယ်အာဇာနည်များ ကောင်းရာသုဂတိလားပါစေ ။..” ဆိုပြီး သူ့ရဲ့အလှူကို ပြောပြထား ဖြစ်ပါတယ်..။

အသက်စွန့်ပေးဆပ်သွားကြတဲ့သူရဲကောင်းတွေအတွက် ပြည်သူတွေက တတ်နိုင်သလောက်ပြန်လည်ပြီးလှူဒါန်းတဲ့ အဆိုပါအလှူအကြောင်းကိုလည်း G-Fatt က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်အသိပေး ဝေမျှထားတာပါ..။

Zawgyi

က်ဆုံးသြားတဲ့သူရဲေကာင္းေတြအတြက္ ျပည္သူေတြနဲ႔အတူပူးေပါင္းၿပီး လစဥ္တိုင္းလႉဒါန္းမႈေတြ ျပဳလုပ္သြားမယ့္ G-Fatt

ပရိသတ္ႀကီးေရ.. လက္ရွိအေျခအေနေတြနဲ႔ပတ္သတ္ၿပီး ျပည္သူပရိသတ္ေတြနဲ႔အတူ အႏုပညာရွင္ေတာ္ေတာ္ေတာ္မ်ားမ်ားကလည္း လူထုလႈပ္ရွားမႈေတြမွာ ကိုယ္တိုင္ပါဝင္ၿပီး အားလုံးနဲ႔အတူ ရပ္တည္ေနၾကတာလည္း ျဖစ္ပါတယ္..။

ျပည္သူေတြအေနနဲ႔ တတ္ႏိုင္တဲ့ဘက္ကေန အစစအရာရာ ပံ့ပိုးကူညီမႈေတြနဲ႔ အားျဖည့္ေနၾကသလို ဂီအႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ အဆိုေတာ္ G-Fatt ကလည္း လႈပ္ရွားမႈေတြမွာ အင္တိုက္အားတိုက္ပါဝင္ေနတာ ေတြ႕ရပါတယ္..။

လႈပ္ရွားမႈေတြအျပင္လႉဒါန္းမႈေတြမွာလည္း အားတက္သေရာပါဝင္ေနတဲ့ G-Fatt ကေတာ့ ဒီကေန႔ရဲ႕မနက္ခင္းေလးကို ေကာင္းမႈကုသိုလ္အလႉေတြနဲ႔စတင္လိုက္ၿပီး အသက္စြန႔္သြားၾကတဲ့ သူရဲေကာင္းျပည္သူေတြအတြက္ လႉဒါန္းမႈေတြ ျပဳလုပ္ခဲ့ပါတယ္..။

က်ဆုံးသြားၾကတဲ့ သူရဲေကာင္းေတြရဲ႕က်န္ရစ္သူမိသားစုေတြအတြက္ တစ္သက္တာလစဥ္ေထာက္ပံ့ေၾကးျဖင့္ ဂုဏ္ျပဳလႉဒါန္းသြားမယ့္ Fallen Heroes Fund Myanmar ရဲ႕ အစီအစဥ္ေလးမွာ ျပည္သူေတြနဲ႔အတူပူးေပါင္းၿပီး အၿမဲတမ္းအဖြဲ႕ဝင္အျဖစ္ G-Fatt က ပါဝင္လႉဒါန္းမွာ ျဖစ္ပါတယ္..။

“ဒီေန႔မနက္ကို အလႉေလးနဲ႔စပါမယ္
အၿမဲတမ္းအဖြဲ႕ဝင္အျဖစ္ လႉဒါန္းသြားပါမယ္အာဇာနည္မ်ား ေကာင္းရာသုဂတိလားပါေစ ။..” ဆိုၿပီး သူ႔ရဲ႕အလႉကို ေျပာျပထား ျဖစ္ပါတယ္..။

အသက္စြန႔္ေပးဆပ္သြားၾကတဲ့သူရဲေကာင္းေတြအတြက္ ျပည္သူေတြက တတ္ႏိုင္သေလာက္ျပန္လည္ၿပီးလႉဒါန္းတဲ့ အဆိုပါအလႉအေၾကာင္းကိုလည္း G-Fatt က သူ႔ရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာကေန ျပန္လည္အသိေပး ေဝမွ်ထားတာပါ..။

Leave a Reply

Your email address will not be published. Required fields are marked *