အစ်မကို မတွေ့၍ အသက်မပြည့်သေးသည့် မောင်နှစ်ဦးကို ဓားစာခံအဖြစ် စစ်တပ်က ဖမ်းဆီး

အစ်မကို မတွေ့၍ အသက်မပြည့်သေးသည့် မောင်နှစ်ဦးကို ဓားစာခံအဖြစ် စစ်တပ်က ဖမ်းဆီး

ထားဝယ်တက္ကသိုလ် ပထမနှစ် ကျောင်းသူ မမြတ်ဆုမွန်နှင့် အဒေါ်ဖြစ်သူ ဖမ်း ဆီးခံရ၊ ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်တွင်

ဖမ်းဆီးလိုသူ အစ်မကို မတွေ့၍ အသက်မပြည့်သေးသည့် မောင်နှစ်ဦးကို ဓားစာခံအဖြစ် စစ်တပ်က ဖမ်းဆီး

ရန်ကုန် ၊ နိုဝင်ဘာ ၁၃

ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာန ပထမနှစ်ကျောင်းသူ မမြတ်ဆုမွန်သည် နိုဝင်ဘာ ၁၂ ရက်နေ့ ည ၁၀ နာရီတွင် ထိန်ဟောင်းရပ်ကွက် ၊

ဈေးကလေးလမ်းရှိအဒေါ်အိမ်တွင်ရှိနေစဉ် ဖက်ဆစ် စစ်တပ်၏ မတရား ဖမ်းဆီးခေါ်ဆောင်မှုကို ခံခဲ့ရကြောင်း ထားဝယ်ဒေသခံများက ပြောကြားသည်။

မမြတ်ဆုမွန်နှင့် အတူ အဒေါ်ဖြစ်သူ ဒေါ်အိလှိုင်ကိုပါမတရား ဖမ်းဆီးခေါ်ဆောင်သွားခြင်းလည်း ဖြစ်သည်။

ထို့အတူ ထားဝယ်မြို့ ၊ ပုံကျွန်းရပ်ကွက်တွင် နေထိုင်သည့် ဒေါ်လဲ့ဝင်း၏ သမီး ဖြစ်သူကို အကြမ်းဖက် ဖက်ဆစ် စစ်တပ်မှာ လာရောက် ဖမ်းဆီးရာ

အစ်မ ဖြစ်သူကို မတွေ့၍ မောင် ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူများက ပြောပြသည်။

ဖမ်းဆီး ခံရသူများမှာ မောင်ချမ်းမြေ့အောင် အသက်(၁၆)နှစ်၊ မောင်ငြိမ်းချမ်းအောင် အသက်(၁၄) တို့ဖြစ်ပြီး နှစ်ဦးစလုံးမှာ အသက်မပြည့်ကြသေးပေ။

”နိုဝင်ဘာ၁၂ ရက်၊ ညနေ ၂နာရီ လောက်မှာ ဒေါ်လဲ့ဝင်းနေအိမ်ကို ဖက်ဆစ်တပ်သားတွေ လာရှာတာ။

သမီးဖြစ်သူကို မမိတာနဲ့ အသက်မပြည့်သေးတဲ့ သားနှစ်ယောက်ကို ဓားစာခံ ဖမ်းသွားတာ”ဟု ပုံကျွန်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက် ဖက်ဆစ် စစ်တပ် လာရောက် ဖမ်းဆီးသည့် ဒေါ်လဲ့ဝင်း၏ သမီး ဖြစ်သူမှာလည်း ဧပြီလ မကုန်ခင်ကပင် နိုင်ငံခြားသို့

သွားရောက် အလုပ်လုပ်ကိုင်ကာ မိသားစုကို ထောက်ပံ့နေခြင်းဖြစ်ကြောင်း ရပ်ကွက်တွင်း နေထိုင်သူများက အတည်ပြုသည်။

ဒေါ်လဲ့ဝင်း သမီးဖြစ်သူမှာ ယခင်က ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည်။

ဓားစားခံအဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်က မတရား ဖမ်းဆီးခဲ့သော အသက်မပြည့်သေးသည့်

ညီအစ်ကို နှစ်ဦးကို လက်ရှိအချိန်အထိ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရပေ။

Zawgyi

အစ္မကို မေတြ႕၍ အသက္မျပည့္ေသးသည့္ ေမာင္ႏွစ္ဦးကို ဓားစာခံအျဖစ္ စစ္တပ္က ဖမ္းဆီး

ထားဝယ္တကၠသိုလ္ ပထမႏွစ္ ေက်ာင္းသူ မျမတ္ဆုမြန္ႏွင့္ အေဒၚျဖစ္သူ ဖမ္း ဆီးခံရ၊ ထားဝယ္ၿမိဳ႕ ပုံကြၽန္းရပ္ကြက္တြင္

ဖမ္းဆီးလိုသူ အစ္မကို မေတြ႕၍ အသက္မျပည့္ေသးသည့္ ေမာင္ႏွစ္ဦးကို ဓားစာခံအျဖစ္ စစ္တပ္က ဖမ္းဆီး

ရန္ကုန္ ၊ ႏိုဝင္ဘာ ၁၃

ထားဝယ္တကၠသိုလ္ အေရွ႕တိုင္းပညာဌာန ပထမႏွစ္ေက်ာင္းသူ မျမတ္ဆုမြန္သည္ ႏိုဝင္ဘာ ၁၂ ရက္ေန႔ ည ၁၀ နာရီတြင္ ထိန္ေဟာင္းရပ္ကြက္ ၊

ေဈးကေလးလမ္းရွိအေဒၚအိမ္တြင္ရွိေနစဥ္ ဖက္ဆစ္ စစ္တပ္၏ မတရား ဖမ္းဆီးေခၚေဆာင္မႈကို ခံခဲ့ရေၾကာင္း ထားဝယ္ေဒသခံမ်ားက ေျပာၾကားသည္။

မျမတ္ဆုမြန္ႏွင့္ အတူ အေဒၚျဖစ္သူ ေဒၚအိလႈိင္ကိုပါမတရား ဖမ္းဆီးေခၚေဆာင္သြားျခင္းလည္း ျဖစ္သည္။

ထို႔အတူ ထားဝယ္ၿမိဳ႕ ၊ ပုံကြၽန္းရပ္ကြက္တြင္ ေနထိုင္သည့္ ေဒၚလဲ့ဝင္း၏ သမီး ျဖစ္သူကို အၾကမ္းဖက္ ဖက္ဆစ္ စစ္တပ္မွာ လာေရာက္ ဖမ္းဆီးရာ

အစ္မ ျဖစ္သူကို မေတြ႕၍ ေမာင္ ၂ ဦးကို ဓားစာခံအျဖစ္ ဖမ္းဆီး ေခၚေဆာင္သြားခဲ့သည္ဟု အဆိုပါ ရပ္ကြက္အတြင္း ေနထိုင္သူမ်ားက ေျပာျပသည္။

ဖမ္းဆီး ခံရသူမ်ားမွာ ေမာင္ခ်မ္းေျမ့ေအာင္ အသက္(၁၆)ႏွစ္၊ ေမာင္ၿငိမ္းခ်မ္းေအာင္ အသက္(၁၄) တို႔ျဖစ္ၿပီး ႏွစ္ဦးစလုံးမွာ အသက္မျပည့္ၾကေသးေပ။

”ႏိုဝင္ဘာ၁၂ ရက္၊ ညေန ၂နာရီ ေလာက္မွာ ေဒၚလဲ့ဝင္းေနအိမ္ကို ဖက္ဆစ္တပ္သားေတြ လာရွာတာ။

သမီးျဖစ္သူကို မမိတာနဲ႔ အသက္မျပည့္ေသးတဲ့ သားႏွစ္ေယာက္ကို ဓားစာခံ ဖမ္းသြားတာ”ဟု ပုံကြၽန္းရပ္ကြက္ေန ျပည္သူတစ္ဦးက ေျပာၾကားသည္။

အၾကမ္းဖက္ ဖက္ဆစ္ စစ္တပ္ လာေရာက္ ဖမ္းဆီးသည့္ ေဒၚလဲ့ဝင္း၏ သမီး ျဖစ္သူမွာလည္း ဧၿပီလ မကုန္ခင္ကပင္ ႏိုင္ငံျခားသို႔

သြားေရာက္ အလုပ္လုပ္ကိုင္ကာ မိသားစုကို ေထာက္ပံ့ေနျခင္းျဖစ္ေၾကာင္း ရပ္ကြက္တြင္း ေနထိုင္သူမ်ားက အတည္ျပဳသည္။

ေဒၚလဲ့ဝင္း သမီးျဖစ္သူမွာ ယခင္က ထားဝယ္ျပည္သူ႔ေဆး႐ုံႀကီး၌ တာဝန္ထမ္းေဆာင္ခဲ့ဖူးသည့္ ဝန္ထမ္းေဟာင္းတစ္ဦးျဖစ္သည္။

ဓားစားခံအျဖစ္ အၾကမ္းဖက္ဖက္ဆစ္စစ္တပ္က မတရား ဖမ္းဆီးခဲ့ေသာ အသက္မျပည့္ေသးသည့္

ညီအစ္ကို ႏွစ္ဦးကို လက္ရွိအခ်ိန္အထိ မည္သည့္ေနရာတြင္ ခ်ဳပ္ေႏွာင္ထားသည္ကို မသိရေပ။

Leave a Reply

Your email address will not be published.