CDM ဆရာမ တစ်ဦးကို တစ်နှစ်ခွဲ အရွယ် ကလေးငယ်နှင့်အတူ ဖမ်းဆီး

CDM ဆရာမ တစ်ဦးကို တစ်နှစ်ခွဲ အရွယ် ကလေးငယ်နှင့်အတူ ဖမ်းဆီ

ပြည်ခရိုင် လူထု အာဏာဖီဆန်မှု CDM ကျောင်းဆရာမတစ်ဦးကို သူမ၏ တစ်နှစ်ခွဲအရွယ် သားငယ်နှင့် အတူ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

ဥသျှစ်ပင်မြို့ပြည်တော်သာရပ်ကွက်၊ သခွတ်တန်းလမ်းတွင် နေထိုင်သူ အသက် ၂၅ နှစ် အရွယ် ဆရာမ ဒေါ်ယုယု အောင်ကို စစ်ကောင်စီက သူမ၏ ခင်ပွန်းဖြစ်သူသည် PDF သင်တန်းဆင်းတပ်ဖွဲ့ဝင် ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားကြခြင်း ဖြစ်သည်။

ဥသျှစ်ပင်မြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့၊ ည ၁၂ အချိန်ခန့်က လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဥသျှစ်ပင်မြို့ ပြည်တော်သာရပ်ကွက် က အမျိုးသားတစ်ဦး က ”သူ့ယောက်ကျားက Facebook မှာ တင်ထားတဲ့ ဟာတွေကြောင့် စွပ်စွဲပြီး ဖမ်းတာလို့တော့ သိရတယ်။ အမှန် တကယ်တော့ ယောက်ကျားက အိမ်ထွက်သွား တာ ကြာပြီ” ဟု ပြောသည်။

ဆရာမ ဒေါ်ယုယုအောင်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားစဉ် အသက် တစ်နှစ်ခွဲအရွယ် သားငယ်လေး လည်း ပါသွားသည်ဟု ဒေသခံများက ပြောသည်။

ကျောင်းဆရာမ ဒေါ်ယုယုအောင်သည် CDM ဝင်ထားပြီးနောက်ပိုင်း ငါးခြောက်၊ ပုဇွန်ခြောက် စသည့် ကုန် ခြောက်များကို အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ဈေးရောင်းပြီး မိသားစု၏ စားဝတ်နေရေးကို ဖြေရှင်း နေရသူ တစ်ဦး ဖြစ်သည်။

Zawgyi

CDM ဆရာမ တစ္ဦးကို တစ္ႏွစ္ခြဲ အ႐ြယ္ ကေလးငယ္ႏွင့္အတူ ဖမ္းဆီ

ျပည္ခ႐ိုင္ လူထု အာဏာဖီဆန္မႈ CDM ေက်ာင္းဆရာမတစ္ဦးကို သူမ၏ တစ္ႏွစ္ခြဲအ႐ြယ္ သားငယ္ႏွင့္ အတူ စစ္ေကာင္စီက ဖမ္းဆီးေခၚေဆာင္သြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဥသွ်စ္ပင္ၿမိဳ႕ျပည္ေတာ္သာရပ္ကြက္၊ သခြတ္တန္းလမ္းတြင္ ေနထိုင္သူ အသက္ ၂၅ ႏွစ္ အ႐ြယ္ ဆရာမ ေဒၚယုယု ေအာင္ကို စစ္ေကာင္စီက သူမ၏ ခင္ပြန္းျဖစ္သူသည္ PDF သင္တန္းဆင္းတပ္ဖြဲ႕ဝင္ ျဖစ္သည္ဟု စြပ္စြဲခ်က္ျဖင့္ ဖမ္းဆီးသြားၾကျခင္း ျဖစ္သည္။

ဥသွ်စ္ပင္ၿမိဳ႕တြင္ ႏိုဝင္ဘာလ ၁၁ ရက္ေန႔၊ ည ၁၂ အခ်ိန္ခန႔္က လာေရာက္ ဖမ္းဆီးသြားျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဥသွ်စ္ပင္ၿမိဳ႕ ျပည္ေတာ္သာရပ္ကြက္ က အမ်ိဳးသားတစ္ဦး က ”သူ႔ေယာက္က်ားက Facebook မွာ တင္ထားတဲ့ ဟာေတြေၾကာင့္ စြပ္စြဲၿပီး ဖမ္းတာလို႔ေတာ့ သိရတယ္။ အမွန္ တကယ္ေတာ့ ေယာက္က်ားက အိမ္ထြက္သြား တာ ၾကာၿပီ” ဟု ေျပာသည္။

ဆရာမ ေဒၚယုယုေအာင္ကို စစ္ေကာင္စီက ဖမ္းဆီးေခၚေဆာင္သြားစဥ္ အသက္ တစ္ႏွစ္ခြဲအ႐ြယ္ သားငယ္ေလး လည္း ပါသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေက်ာင္းဆရာမ ေဒၚယုယုေအာင္သည္ CDM ဝင္ထားၿပီးေနာက္ပိုင္း ငါးေျခာက္၊ ပုဇြန္ေျခာက္ စသည့္ ကုန္ ေျခာက္မ်ားကို အြန္လိုင္း လူမႈကြန္ရက္စာမ်က္ႏွာမွ တဆင့္ ေဈးေရာင္းၿပီး မိသားစု၏ စားဝတ္ေနေရးကို ေျဖရွင္း ေနရသူ တစ္ဦး ျဖစ္သည္။

Leave a Reply

Your email address will not be published. Required fields are marked *