မတ္တရာမြို့၌ CDM ကျောင်းဆရာနှင့် ဆရာမ ဇနီးမောင်နှံကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး

မတ္တရာမြို့၌ CDM ကျောင်းဆရာနှင့် ဆရာမ ဇနီးမောင်နှံကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီ

“မန္တလေးတိုင်း၊ မတ္တရာမြို့၊ အမှတ် (၂) ရပ်ကွက်မှာ နေထိုင်တဲ့ CDM ကျောင်းဆရာ၊ ဆရာမ ဇနီးမောင်နှံကို နိုဝင်ဘာ ၁၂ ရက် ည ၁၂ နာရီလောက်မှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက် ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အ.ထ.က စလွန်ဖြူမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ (အထက်တန်းပြ)ဆရာ ဦးငြိမ်းသူအောင်နဲ့ သူ့ရဲ့ဇနီး အထက မြို့သစ်ကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ ဒေါ်မေသူအေး တို့ ဖြစ်ပါတယ်။

သူတို့ရဲ့နေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက် လာကာ ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်ပြီး ၇ နှစ်အရွယ် သားလေးကိုတော့ သူ့အဘိုး အဘွားတွေနဲ့ ထားခဲ့ရတယ်လို့ သိရပါတယ်။

ဘဝတူ CDM တွေနဲ့ ဆွေမျိုးသားချင်း မိဘဘိုးဘွားတွေကတော့ ဆရာနဲ့ ဆရာမတို့နှစ်ယောက်ရဲ့ အသက်အန္တရာယ်ကို တစုံတရာဖြစ်မှာ စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ်မှာ အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀၂ ကျောင်းရှိပြီး၊ ပညာရေးဝန်ထမ်း ၂၃၀၀ ကျော်ရှိကာ CDM ပြုလုပ်သူ ဆရာ၊ ဆရာမ ၁၂၀၀ ကျော်ရှိတယ်လို့ သိရပြီး စစ်ကောင်စီက ဖမ်းဆီးတာခံခဲ့ရသူ ၈ ဦးရှိပါတယ်။

Zawgyi

မတၱရာၿမိဳ႕၌ CDM ေက်ာင္းဆရာႏွင့္ ဆရာမ ဇနီးေမာင္ႏွံကို စစ္ေကာင္စီတပ္က ႐ိုက္ႏွက္ဖမ္းဆီ

“မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕၊ အမွတ္ (၂) ရပ္ကြက္မွာ ေနထိုင္တဲ့ CDM ေက်ာင္းဆရာ၊ ဆရာမ ဇနီးေမာင္ႏွံကို ႏိုဝင္ဘာ ၁၂ ရက္ ည ၁၂ နာရီေလာက္မွာ စစ္တပ္က အင္အားအလုံးအရင္းနဲ႔ ဝင္ေရာက္ ႐ိုက္ႏွက္ဖမ္းဆီးသြားတယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။

ဖမ္းဆီးခံရသူေတြဟာ အ.ထ.က စလြန္ျဖဴမွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ (အထက္တန္းျပ)ဆရာ ဦးၿငိမ္းသူေအာင္နဲ႔ သူ႔ရဲ႕ဇနီး အထက ၿမိဳ႕သစ္ေက်ာင္းမွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဆရာမ ေဒၚေမသူေအး တို႔ ျဖစ္ပါတယ္။

သူတို႔ရဲ႕ေနအိမ္ကို စစ္ေကာင္စီတပ္က အင္အားအလုံးအရင္းနဲ႔ ဝင္ေရာက္ လာကာ ႐ိုက္ႏွက္ဖမ္းဆီးသြားတာျဖစ္ၿပီး ၇ ႏွစ္အ႐ြယ္ သားေလးကိုေတာ့ သူ႔အဘိုး အဘြားေတြနဲ႔ ထားခဲ့ရတယ္လို႔ သိရပါတယ္။

ဘဝတူ CDM ေတြနဲ႔ ေဆြမ်ိဳးသားခ်င္း မိဘဘိုးဘြားေတြကေတာ့ ဆရာနဲ႔ ဆရာမတို႔ႏွစ္ေယာက္ရဲ႕ အသက္အႏၲရာယ္ကို တစုံတရာျဖစ္မွာ စိုးရိမ္ပူပန္ေနၾကတယ္လို႔ ဆိုပါတယ္။

မတၱရာၿမိဳ႕နယ္မွာ အေျခခံပညာ စာသင္ေက်ာင္းေပါင္း ၂၀၂ ေက်ာင္းရွိၿပီး၊ ပညာေရးဝန္ထမ္း ၂၃၀၀ ေက်ာ္ရွိကာ CDM ျပဳလုပ္သူ ဆရာ၊ ဆရာမ ၁၂၀၀ ေက်ာ္ရွိတယ္လို႔ သိရၿပီး စစ္ေကာင္စီက ဖမ္းဆီးတာခံခဲ့ရသူ ၈ ဦးရွိပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *