တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေဆိုရန် ကိစ္စနှင့်စပ်လျဉ်း၍ အသိပေး သတင်းထုတ်ပြန်ခြင်း

တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေဆိုရန် ကိစ္စနှင့်စပ်လျဉ်း၍ မိဘပြည်သူ၊ ကျောင်းသူ၊ကျောင်းသားများသို့ အသိပေး သတင်းထုတ်ပြန်ခြင်း

• အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် တည်ဆောက်ရန် ခိုင်မာစွာ သန္နိဋ္ဌာန် ချမှတ်ထားပြီး ဖြစ်သည့်အလျောက် ကြားကာလအတွင်း ပညာရည်ဆန်းစစ်မှု စာမေးပွဲစနစ်များကိုလည်း ဖက်ဒရယ်ပညာရေး သဘောတရားများ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ အများပြည်သူ နစ်နာမှုမရှိစေရေးကို အထူးဦးစားပေး၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

• သင်ရိုးညွှန်းတမ်းစနစ် ပြောင်းလဲရေးတွင် ဆောင်ရွက်ရန် ကျန်ရှိနေသည့် တက္ကသိုလ်၀င်တန်း၌ တက်ရောက်နေဆဲ ကျောင်းသူ၊ကျောင်းသားများ အတွက် ပညာရေး အရည်အသွေးရှိကာ အများပြည်သူ လက်ခံနိုင်သော ဆန်းစစ်ဖြေဆိုမှုစာမေးပွဲတစ်ခု ကျင်းပပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာ ပညာရှင်များ၊ နည်းပညာရှင်များနှင့် တိုင်ပင် ဆွေးနွေးလျက်ရှိပါသည်။

• ထို စာမေးပွဲကို တက္ကသိုလ်၀င်တန်းကျောင်းသူ၊ကျောင်းသားအားလုံး လက်လှမ်းမီ ပါ၀င်ဖြေဆို နိုင်မည့် အစီအစဉ် ဖြစ်စေရန် သက်ဆိုင်ရာ ကျောင်းသားအဖွဲ့အစည်းများ/သမဂ္ဂများ၊ ပညာရေးအဖွဲ့ အစည်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ တက္ကသိုလ်ကောင်စီများ၊ ဆရာ သမဂ္ဂများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ နည်းပညာရှင်များ၊ အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

• လက်ရှိအချိန်တွင် ကျောင်းသူ၊ကျောင်းသားများ၊ မိဘပြည်သူများ အနေဖြင့် မိမိဆန္ဒမပါ၀င်ပဲ တက္ကသိုလ်၀င်တန်း စာမေးပွဲဖြေဆိုရန် စစ်ကောင်စီ၏ ဖိအားပေး ခြိမ်းခြောက်ခံရ ခြင်းများ၊ ယခုနှစ် စာမေးပွဲဖြေဆိုရန် အမည်စာရင်း မတင်သွင်းလျှင် နောက်နှစ်များတွင် ဖြေဆိုခွင့်မပြုဟူသော အာဏာရှင် ဆန်သည့် ဖိအားပေးမှုများသည် အနာဂတ်လူငယ်များအား ပညာရည်နိမ့်ပါးအောင် လုပ်ဆောင်နေခြင်း ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် အားလုံးပါဝင်နိုင်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကို အများဆန္ဒနှင့်အညီ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါ မတရား ဖိအားပေး ခြိမ်းခြောက်မှုများကို စိုးရိမ်ပူပန်ရန် မလိုအပ်ပါ။

• ပြည်တွင်းပြည်ပ နိုင်ငံတကာမှလုံးဝအသိအမှတ်မပြုသော တရားမ၀င် စစ်ကောင်စီ၏ ပညာရေးလုပ်ဆောင်မှုများအားလုံးသည် အလိုအလျောက် တရားမ၀င်ကြောင်း ကြေညာထားပြီးဖြစ်သဖြင့် စစ်ကောင်စီမှ ခိုင်းစေကျင်းပသည့် တက္ကသိုလ်၀င်တန်း စာမေးပွဲရလဒ်များကိုလည်း ဖက်ဒရယ်စနစ်ဖြင့် အကောင်အထည်ဖော်သွားမည့် အဆင့်မြင့်ပညာ တက္ကသိုလ်/ကောလိပ်/ သိပ္ပံများက အသိအမှတ်ပြု လက်ခံမည် မဟုတ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

ပညာရေး၀န်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Zawgyi

တကၠသိုလ္၀င္တန္းစာေမးပြဲ ေျဖဆိုရန္ ကိစၥႏွင့္စပ္လ်ဥ္း၍ မိဘျပည္သူ၊ ေက်ာင္းသူ၊ေက်ာင္းသားမ်ားသို႔ အသိေပး သတင္းထုတ္ျပန္ျခင္း

• အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ပညာေရး၀န္ႀကီးဌာနသည္ တိုင္းရင္းသားျပည္သူတစ္ရပ္လုံး လိုလားေတာင့္တေနသည့္ ဖက္ဒရယ္ဒီမိုကေရစီ ပညာေရးစနစ္ တည္ေဆာက္ရန္ ခိုင္မာစြာ သႏၷိ႒ာန္ ခ်မွတ္ထားၿပီး ျဖစ္သည့္အေလ်ာက္ ၾကားကာလအတြင္း ပညာရည္ဆန္းစစ္မႈ စာေမးပြဲစနစ္မ်ားကိုလည္း ဖက္ဒရယ္ပညာေရး သေဘာတရားမ်ား၊ ႏိုင္ငံတကာစံႏႈန္းမ်ားႏွင့္အညီ အမ်ားျပည္သူ နစ္နာမႈမရွိေစေရးကို အထူးဦးစားေပး၍ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ ျဖစ္ပါသည္။

• သင္႐ိုးၫႊန္းတမ္းစနစ္ ေျပာင္းလဲေရးတြင္ ေဆာင္႐ြက္ရန္ က်န္ရွိေနသည့္ တကၠသိုလ္၀င္တန္း၌ တက္ေရာက္ေနဆဲ ေက်ာင္းသူ၊ေက်ာင္းသားမ်ား အတြက္ ပညာေရး အရည္အေသြးရွိကာ အမ်ားျပည္သူ လက္ခံႏိုင္ေသာ ဆန္းစစ္ေျဖဆိုမႈစာေမးပြဲတစ္ခု က်င္းပျပဳလုပ္ေပးႏိုင္ရန္ သက္ဆိုင္ရာ ပညာရွင္မ်ား၊ နည္းပညာရွင္မ်ားႏွင့္ တိုင္ပင္ ေဆြးေႏြးလ်က္ရွိပါသည္။

• ထို စာေမးပြဲကို တကၠသိုလ္၀င္တန္းေက်ာင္းသူ၊ေက်ာင္းသားအားလုံး လက္လွမ္းမီ ပါ၀င္ေျဖဆို ႏိုင္မည့္ အစီအစဥ္ ျဖစ္ေစရန္ သက္ဆိုင္ရာ ေက်ာင္းသားအဖြဲ႕အစည္းမ်ား/သမဂၢမ်ား၊ ပညာေရးအဖြဲ႕ အစည္းမ်ား၊ ကိုယ္ပိုင္ေက်ာင္းမ်ား၊ ၿမိဳ႕နယ္ပညာေရးဘုတ္အဖြဲ႕မ်ား၊ တကၠသိုလ္ေကာင္စီမ်ား၊ ဆရာ သမဂၢမ်ား၊ ျပည္တြင္းျပည္ပ ပညာရွင္မ်ား၊ နည္းပညာရွင္မ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ တိုင္ပင္ေဆြးေႏြးကာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ ျဖစ္ပါသည္။

• လက္ရွိအခ်ိန္တြင္ ေက်ာင္းသူ၊ေက်ာင္းသားမ်ား၊ မိဘျပည္သူမ်ား အေနျဖင့္ မိမိဆႏၵမပါ၀င္ပဲ တကၠသိုလ္၀င္တန္း စာေမးပြဲေျဖဆိုရန္ စစ္ေကာင္စီ၏ ဖိအားေပး ၿခိမ္းေျခာက္ခံရ ျခင္းမ်ား၊ ယခုႏွစ္ စာေမးပြဲေျဖဆိုရန္ အမည္စာရင္း မတင္သြင္းလွ်င္ ေနာက္ႏွစ္မ်ားတြင္ ေျဖဆိုခြင့္မျပဳဟူေသာ အာဏာရွင္ ဆန္သည့္ ဖိအားေပးမႈမ်ားသည္ အနာဂတ္လူငယ္မ်ားအား ပညာရည္နိမ့္ပါးေအာင္ လုပ္ေဆာင္ေနျခင္း ျဖစ္ၿပီး အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ပညာေရးဝန္ႀကီးဌာနသည္ အားလုံးပါဝင္ႏိုင္မည့္ တကၠသိုလ္ဝင္တန္း စာေမးပြဲစနစ္ကို အမ်ားဆႏၵႏွင့္အညီ ညႇိႏႈိင္းေဆာင္႐ြက္မည္ျဖစ္ပါသျဖင့္ အဆိုပါ မတရား ဖိအားေပး ၿခိမ္းေျခာက္မႈမ်ားကို စိုးရိမ္ပူပန္ရန္ မလိုအပ္ပါ။

• ျပည္တြင္းျပည္ပ ႏိုင္ငံတကာမွလုံးဝအသိအမွတ္မျပဳေသာ တရားမ၀င္ စစ္ေကာင္စီ၏ ပညာေရးလုပ္ေဆာင္မႈမ်ားအားလုံးသည္ အလိုအေလ်ာက္ တရားမ၀င္ေၾကာင္း ေၾကညာထားၿပီးျဖစ္သျဖင့္ စစ္ေကာင္စီမွ ခိုင္းေစက်င္းပသည့္ တကၠသိုလ္၀င္တန္း စာေမးပြဲရလဒ္မ်ားကိုလည္း ဖက္ဒရယ္စနစ္ျဖင့္ အေကာင္အထည္ေဖာ္သြားမည့္ အဆင့္ျမင့္ပညာ တကၠသိုလ္/ေကာလိပ္/ သိပၸံမ်ားက အသိအမွတ္ျပဳ လက္ခံမည္ မဟုတ္ပါေၾကာင္း အသိေပး သတင္းထုတ္ျပန္အပ္ပါသည္။

ပညာေရး၀န္ႀကီးဌာန

အမ်ိဳးသားညီၫြတ္ေရးအစိုးရ

Leave a Reply

Your email address will not be published. Required fields are marked *