ဖမ်းဆီးခံရပြီးနောက် ညှင်းပန်းနှိပ်စက်ခံရတဲ့ အဖြစ်အပျက်တွေကို သတိပေးပြောပြလာတဲ့ PDF လူငယ်လေး

ဖမ်းဆီးခံရပြီးနောက် ညှင်းပန်းနှိပ်စက်ခံရတဲ့ သွေးပျက်ခြောက်ချားစရာ အဖြစ်အပျက်တွေကို သတိပေးပြောပြလာတဲ့ PDF လူငယ်လေး

တော်လှန်ရေးကာလအတွင်း သူရဲကောင်းပြည်သူတွေ အသက်ပေးဆုံးရှုံးမှုတွေများပြားနေပြီး ကိုယ်ကျိုးစွန့်အနစ်နာခံကာ အများအကျိုးအတွက် ယနေ့အချိန်ထိ ကြိုးစားနေသူတွေလည်း အများအပြားပါပဲ။

အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီးတဲ့နောက်မှာလည်း လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ခါးစည်းရင်ဆိုင်ကာ အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် အားတင်းရင်း ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက်လည်း ပြည်သူတွေက ရင်နာနာနဲ့ ဝမ်းနည်းခဲ့ကြရပါတယ်။

ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ ပြည်သူတွေ ညှင်းပန်းနှိပ်စက်ခံရတဲ့ သွေးပျက်ခြောက်ချားစရာ အဖြစ်အပျက်တွေကိုလည်း PDF လူငယ်လေးတစ်ဦးက သတိပေးပြောပြလာပါတယ်။

ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ ပြည်သူတွေ ညှင်းပန်းနှိပ်စက်ခံရတဲ့ သွေးပျက်ခြောက်ချားစရာ အဖြစ်အပျက်တွေကိုလည်း PDF လူငယ်လေးတစ်ဦးက သတိပေးပြောပြလာပါတယ်။ပြန်လွတ်လာသူတွေရဲ့ ပြောစကားအရ တွေးတောင်မတွေးဖူးတဲ့ အကြမ်းဖက်မှုတွေအပြင် ဒဏ်ရာမပေါ်ဘဲ ရူးသွားစေလောက်တဲ့အထိ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းမှုတွေနဲ့ အမျိုးမျိုး နှိပ်စက်တာတွေကို ပြောပြထားတာပါ။

ရန်သူတွေရဲ့ လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုဆွေကို မမြင်မကြားလိုတော့ဘူးဆိုရင် ပြည်သူတွေအနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ကူညီကြဖို့ သတိပေးတိုက်တွန်းထားတာပါ။လက်ရှိအချိန်မှာ တော်လှန်ရေးအတွက် တကယ်လုပ်ဆောင်နေကြသူတွေနဲ့ ဖမ်းဆီးခံသူရဲကောင်းတွေအတွက် အလိုအပ်ဆုံးက ဘာလဲဆိုတာကို သိနေကြပြီဖြစ်တာမို့ ကူညီပါဝင်ကြဖို့ မေတ္တာရပ်ခံတိုက်တွန်းထားတာ ဖြစ်ပါတယ်။

Zawgyi







Leave a Reply

Your email address will not be published.