နိုင်ငံအချင်းချင်း မိတ်မပျက်ချင်တာကြောင့် ပြစ်ဒဏ်ကနေ ပြန်လွှတ်ပေးလိုက်တာလို့ စစ်ကောင်စီပြော

နိုင်ငံအချင်းချင်း မိတ်မပျက်ချင်တာကြောင့် ပြစ်ဒဏ်ကနေ ပြန်လွှတ်ပေးလိုက်တာလို့ စစ်ကောင်စီပြော

နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ချင်တာကြောင့် အမေရိကန်သတင်းစာဆရာ Danny Fenster ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်သတင်းစာဆရာ Danny Fenster ကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်အပြီး ၃ ရက်အကြာမှာ ပြစ်ဒဏ်ကနေ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်၊။

နီပွန်ဖောင်ဒေးရှင်းဥက္ကဌ Mr.SASAKAWA နဲ့ အမေရိကန်နိုင်ငံ မက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း Mr.Bill Richardso တို့ရဲ့ မေတ္တာရပ်ခံချက်အရ လည်းကောင်း၊

နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်တဲ့ ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို လေးထားတဲ့အနေနဲ့ Frontier Myanmar သတင်းဌာနရဲ့ အမေရိကန်သတင်းစာဆရာ Danny Fenster ကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တာ ဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ယင်းကဲ့သို့ လွတ်ငြိမ်းခွင့်ပြုရာမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်သတင်းဆရာ Danny Fenster မှာ (နိုဝင်ဘာ ၁၅ရက်)က နဲ့ အမေရိကန်နိုင်ငံ မက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mr. Bill Richardso နဲ့အတူ တစ်ပါတည်း လေကြောင်းခရီးနဲ့ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

Danny Fenster ပြီးခဲ့တဲ့ မေလက မိသားစုနဲ့ တွေ့ဆုံဖို့နဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့အတွက် အမေရိကန်ပြည်ထောင်စုကို ပြန်လည်ထွက်ခွာဖို့ ရန်ကုန်လေဆိပ်အရောက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး နိုဝင်ဘာ ၁၂ရက်နေ့မှာ အင်းစိန်ထောင်အထူးတရားရုံးက ထောင် ၁၁ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi

ႏိုင္ငံအခ်င္းခ်င္း မိတ္မပ်က္ခ်င္တာေၾကာင့္ ျပစ္ဒဏ္ကေန ျပန္လႊတ္ေပးလိုက္တာလို႔ စစ္ေကာင္စီေျပာ

ႏိုင္ငံအခ်င္းခ်င္း မိတ္ဝတ္မပ်က္ခ်င္တာေၾကာင့္ အေမရိကန္သတင္းစာဆရာ Danny Fenster ကို ျပစ္ဒဏ္မွ လြတ္ၿငိမ္းသက္သာခြင့္ ျပဳလိုက္တာလို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္လိုက္ပါတယ္။

အေမရိကန္သတင္းစာဆရာ Danny Fenster ကို ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္အၿပီး ၃ ရက္အၾကာမွာ ျပစ္ဒဏ္ကေန ျပန္လႊတ္ေပးလိုက္တာ ျဖစ္ပါတယ္၊။

နီပြန္ေဖာင္ေဒးရွင္းဥကၠဌ Mr.SASAKAWA နဲ႔ အေမရိကန္ႏိုင္ငံ မကၠဆီကိုျပည္နယ္ အုပ္ခ်ဳပ္ေရးမႈးေဟာင္း Mr.Bill Richardso တို႔ရဲ႕ ေမတၱာရပ္ခံခ်က္အရ လည္းေကာင္း၊

ႏိုင္ငံအခ်င္းခ်င္း မိတ္ဝတ္မပ်က္တဲ့ ဆက္ဆံေရးကို ေရွးရႈေသာအားျဖင့္လည္းေကာင္း၊ လူသားခ်င္း စာနာေထာက္ထားမႈကို ေလးထားတဲ့အေနနဲ႔ Frontier Myanmar သတင္းဌာနရဲ႕ အေမရိကန္သတင္းစာဆရာ Danny Fenster ကို လြတ္ၿငိမ္းသက္သာခြင့္ ျပဳလိုက္တာ ျဖစ္တယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။

ယင္းကဲ့သို႔ လြတ္ၿငိမ္းခြင့္ျပဳရာမွာ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ(၁)အရ ျပစ္ဒဏ္လြတ္ၿငိမ္း သက္သာခြင့္ျပဳကာ ျပည္ႏွင္ဒဏ္ေပးလိုက္တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အေမရိကန္သတင္းဆရာ Danny Fenster မွာ (ႏိုဝင္ဘာ ၁၅ရက္)က နဲ႔ အေမရိကန္ႏိုင္ငံ မကၠဆီကိုျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေဟာင္း Mr. Bill Richardso နဲ႔အတူ တစ္ပါတည္း ေလေၾကာင္းခရီးနဲ႔ ျပန္လည္ထြက္ခြာသြားတယ္လို႔ သိရပါတယ္။

Danny Fenster ၿပီးခဲ့တဲ့ ေမလက မိသားစုနဲ႔ ေတြ႕ဆုံဖို႔နဲ႔ ကိုဗစ္ကာကြယ္ေဆးထိုးႏွံဖို႔အတြက္ အေမရိကန္ျပည္ေထာင္စုကို ျပန္လည္ထြက္ခြာဖို႔ ရန္ကုန္ေလဆိပ္အေရာက္မွာ ဖမ္းဆီးခံခဲ့ရတာ ျဖစ္ၿပီး ႏိုဝင္ဘာ ၁၂ရက္ေန႔မွာ အင္းစိန္ေထာင္အထူးတရား႐ုံးက ေထာင္ ၁၁ ႏွစ္ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.