Miss Interglobal အလှမယ်ပြိုင်ပွဲမှာ ဆလုံတိုင်းရင်းသူ ဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထက်ရွှေရည်

Miss Interglobal အလှမယ်ပြိုင်ပွဲမှာ ဆလုံတိုင်းရင်းသူ ဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထက်ရွှေရည်

လက်ရှိကျင်းပနေတဲ့ Miss Interglobal အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ထက်ရွှေရည်က ဆလုံတိုင်းရင်းသူ ဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။Virtual ပြိုင်ပွဲအနေနဲ့ ကျင်းပနေတဲ့ ဒီပြိုင်ပွဲမှာ National Costume အမျိုးသားဝတ်စုံအ နေနဲ့ ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ပြီး “ပင်လယ်ပျော်တို့နှလုံးသား”လို့ အမည်ပေးထားခဲ့တာပါ။ဆလုံလူမျိုးတွေဟာ တိုင်းရင်းသား ၁၃၅ မျိုး ဗမာလူမျိုး ၉မျိုးထဲမှ လူမျိုးစုတစ်စုဖြစ်ကာ မြန်မာနိုင်ငံ တောင်ဘက်စွန်း မြိတ်ကျွန်းစုဒေသတွေမှာ နှစ်ပေါင်းများစွာ အခြေချနေ ထိုင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။

ရေလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်း အဓိကထားလုပ်ကိုင်ကြတဲ့ ဆလုံလူမျိုးတွေ နေထိုင်ရာ နေ ရာတွေမှာ ပုလဲမွေးမြူရေးလုပ်ငန်းတွေ နေရာယူလာကာ ဆလုံလူမျိုးတွေရဲ့ ငါးဖမ်းဧရိယာ နည်းပါးလာကာ အကျပ်အတည်းတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့နေထိုင်ရင်း တဖြည်းဖြည်း နည်းပါးလာတဲ့ ဆလုံ လူမျိုးတွေရဲ့ ဒီအရေးကိစ္စကို သေချာမကိုင်တွယ် မဖြေရှင်းပါက

ပင်လယ်ပျော်ဆလုံ လူ မျိုးတွေ ပပျောက်ကွယ်သွားတော့မှာ စိုးရိမ်မိတာကြောင့် အခုလို ပြိုင်ပွဲကတဆင့် ထုတ် ဖော်ပြသလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။Miss Interglobal အလှမယ်ပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ကတည်း က ကျင်းပနေတာဖြစ်ပြီး Virtual Final ပြိုင်ပွဲကတော့ လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Zawgyi

Miss Interglobal အလွမယ္ၿပိဳင္ပြဲမွာ ဆလုံတိုင္းရင္းသူ ဝတ္စုံနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ထက္ေ႐ႊရည္

လက္႐ွိက်င္းပေနတဲ့ Miss Interglobal အလွမယ္ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအလွမယ္ ထက္ေ႐ႊရည္က ဆလုံတိုင္းရင္းသူ ဝတ္စုံနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။Virtual ၿပိဳင္ပြဲအေနနဲ႔ က်င္းပေနတဲ့ ဒီၿပိဳင္ပြဲမွာ National Costume အမ်ိဳးသားဝတ္စုံအ ေနနဲ႔ ဝတ္ဆင္ယွဥ္ၿပိဳင္ခဲ့ၿပီး “ပင္လယ္ေပ်ာ္တို႔ႏွလုံးသား”လို႔ အမည္ေပးထားခဲ့တာပါ။ဆလုံလူမ်ိဳးေတြဟာ တိုင္းရင္းသား ၁၃၅ မ်ိဳး ဗမာလူမ်ိဳး ၉မ်ိဳးထဲမွ လူမ်ိဳးစုတစ္စုျဖစ္ကာ ျမန္မာႏိုင္ငံ ေတာင္ဘက္စြန္း ၿမိတ္ကြၽန္းစုေဒသေတြမွာ ႏွစ္ေပါင္းမ်ားစြာ အေျခခ်ေန ထိုင္လာခဲ့ၾကသူေတြ ျဖစ္ပါတယ္။

ေရလုပ္ငန္းနဲ႔ ငါးဖမ္းလုပ္ငန္း အဓိကထားလုပ္ကိုင္ၾကတဲ့ ဆလုံလူမ်ိဳးေတြ ေနထိုင္ရာ ေန ရာေတြမွာ ပုလဲေမြးျမဴေရးလုပ္ငန္းေတြ ေနရာယူလာကာ ဆလုံလူမ်ိဳးေတြရဲ႕ ငါးဖမ္းဧရိယာ နည္းပါးလာကာ အက်ပ္အတည္းေတြနဲ႔လည္း ရင္ဆိုင္ေနၾကရပါတယ္။ေရၾကည္ရာ ျမက္ႏုရာကို ေျပာင္းေ႐ႊ႕ေနထိုင္ရင္း တျဖည္းျဖည္း နည္းပါးလာတဲ့ ဆလုံ လူမ်ိဳးေတြရဲ႕ ဒီအေရးကိစၥကို ေသခ်ာမကိုင္တြယ္ မေျဖ႐ွင္းပါက

ပင္လယ္ေပ်ာ္ဆလုံ လူ မ်ိဳးေတြ ပေပ်ာက္ကြယ္သြားေတာ့မွာ စိုးရိမ္မိတာေၾကာင့္ အခုလို ၿပိဳင္ပြဲကတဆင့္ ထုတ္ ေဖာ္ျပသလိုက္တာ ျဖစ္တယ္လို႔ ဆိုပါတယ္။Miss Interglobal အလွမယ္ၿပိဳင္ပြဲကိုေတာ့ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၀ ရက္ေန႔ကတည္း က က်င္းပေနတာျဖစ္ၿပီး Virtual Final ၿပိဳင္ပြဲကေတာ့ လာမယ့္ ဒီဇင္ဘာ ၄ ရက္ေန႔မွာ က်င္းပသြားမယ္လို႔ သိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *