ဆိုင်ကယ် ၂ ယောက်စီးသူများကိုအမေးအမြန်းမရှိ ပစ်မိန့်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီမှပြောကြား

ဆိုင်ကယ် ၂ ယောက်စီးသူများကိုအမေးအမြန်းမရှိ ပစ်မိန့်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီမှပြောကြား

ရန်ကုန်တိုင်းနယ်နမိတ်အတွင်းက ဆိုင်ကယ်စီးလို့ရနေတဲ့ သန်လျင်မြို့အပါအဝင် ဆိပ်ကြီးခနောင်တို လှည်းကူးနဲ့ မြို့နယ်တစ်ချို့မှာ ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးသာစီးရမယ်။

ယောက်ျားလေး ၂ ယောက်စီးပါက နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ပိုင်း အမေးမြန်းမရှိ ပစ်ခတ်မယ်လို့ သိရှိရပါသည်။” ဆိပ်ကြီးခနောင်တိုမှာ အဓိက စက်ဘီးနဲ့ ဆိုင်ကယ်သုံးရတာ။ ကားလမ်းဆိုတာက တစ်စီးသာသာလောက်ပဲ သွားရတာလေ။ အဲ့တာကိုကန့်သတ်တယ်ဗျာ။

ကယ်ရီသမားကဆိုင်ကယ်စီးမယ့်သူလာရင် အောင်ဆင်းတွန်းရမလား။ တကယ့်အရူးတွေဗျာ” လို့ ခနောင်တိုမြို့နယ်မှာနေပြီး ပရဟိတလုပ်နေတဲ့ ကိုမင်း(နာမည်လွှဲ)က ပြောပါသည်။

ဆိုင်ကယ်အဓိကသုံးတဲ့ သန်လျင်မြို့နယ်မှာလည်း အဲ့သည်လို့ကန်သတ်တာတွေလုပ်ဖို့ ထုတ်ပြန်စာ တစောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာပျံ့နှံ့နေပြီး သန်လျင်မြို့သားများတည်ထောင်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဆဲဆိုနေကြပြီးတော့

တွံတေး၊ ဒလ၊ မှော်ဘီ၊ လှည်းကူး မြို့နယ်တွေမှာ ဆိုင်ကယ်ကို အဓိကထား တရားဝင်စီးနင်းနေကြပြီး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာလည်း ဆိုင်ကယ်ကို မဖြစ်မနေ အသုံးပြုနေကြရပါသည်။

Zawgyi







Leave a Reply

Your email address will not be published. Required fields are marked *