ရန်ကုန်တိုင်းတွင် PDF ၅၀ ခန့် ဖမ်းမိဟု စစ်ကောင်စီကြေညာ

ရန်ကုန်တိုင်းတွင် PDF ၅၀ ခန့် ဖမ်းမိဟု စစ်ကောင်စီကြေညာ

ရန်ကုန်တိုင်းအတွင်းရှိ ဧရိယာ ၇ ခုအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF ၄၃ ဦးနဲ့ ထောက်ပံ့ကူညီပေးသူ ၈ ဦးကို ဖမ်းမိတယ်လို့ နိုဝင်ဘာ ၁၈ ရက် ဒီနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ကြေညာပါတယ်။

ရန်ကုန်တိုင်းအတွင်းက ဒဂုံမြို့သစ် (အရှေ့၊ တောင်၊ မြောက်၊ ဆိပ်ကမ်း)နယ်မြေမှ ၅ ဦး၊ (တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်) မြို့နယ် တို့မှ ၉ ဦး၊ (လှိုင်၊ လှည်းတန်း၊ စမ်းချောင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်)မြို့နယ်တို့မှ ၁၄ ဦး၊ (အလုံ၊ ပုစွန်တောင်၊ လမ်းမတော်၊ ကျောက်တံတား၊ လသာ) မြို့နယ်တို့မှ ၄ ဦး၊ (သာကေတ၊ သန်လျင်၊ ဒေါပုံ) မြို့နယ်တို့မှ ၇ ဦး၊ (တွံတေး၊ ကော့မှူး၊ ကွန်းခြံကုန်း)တို့မှ ၁ ဦး၊ (အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထန်းတပင်)မြို့နယ်တို့မှ ၃ ဦး စုစုပေါင်း ၄၃ ဦးတို့ကို ဖမ်းမိထားတယ်လို့ ထုတ်ပြန်ပါတယ်။ ၁ ဦးကို အသေ ပစ်ခတ်ဖမ်းဆီးမိတယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် ကူညီထောက်ပံ့ပေးသူ ၈ ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထား ပါတယ်။

ဗားဂရာမီးပွိုင့်ရှိလုံခြုံရေးအဖွဲ့ဝင်တွေကို ပစ်ခတ်မှုနဲ့ ထန်းတပင် ပစ်ခတ်မှုတွေအပြင် သန်လျင်တံတား၊ မြောက်ဥက္ကလာတံတား ပစ်ခတ်မှုတွေက PDF တချို့ကိုလည်း ဖမ်းဆီးရမိ ထားတယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။စစ်ကောင်စီမီဒီယာတွေမှာ စွပ်စွဲဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေ ဘက်က တုံ့ပြန်ပြောဆိုခွင့် မရသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာအနီးတဝိုက်မှာ တွေ့ရာကြုံလူငယ်တွေကို မကြာခဏဖမ်းဆီးသွားလေ့ရှိပြီး ဒီနောက်မှာ စစ်ကောင်စီအာဘော် မီဒီယာတွေကနေ ဓာတ်ပုံတွေ ဇယားတွေနဲ့ မဟုတ်မမှန် ဇာတ်လမ်းဆင်ပြီး သတင်းထုတ်ပြန်လေ့ရှိတာ ဖြစ်ပါတယ်။

Zawgyi

ရန္ကုန္တိုင္းတြင္ PDF ၅၀ ခန႔္ ဖမ္းမိဟု စစ္ေကာင္စီေၾကညာ

ရန္ကုန္တိုင္းအတြင္းရွိ ဧရိယာ ၇ ခုအတြင္းမွာ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ၄၃ ဦးနဲ႔ ေထာက္ပံ့ကူညီေပးသူ ၈ ဦးကို ဖမ္းမိတယ္လို႔ ႏိုဝင္ဘာ ၁၈ ရက္ ဒီေန႔ထုတ္ စစ္ေကာင္စီ သတင္းစာေတြမွာ ေၾကညာပါတယ္။

ရန္ကုန္တိုင္းအတြင္းက ဒဂုံၿမိဳ႕သစ္ (အေရွ႕၊ ေတာင္၊ ေျမာက္၊ ဆိပ္ကမ္း)နယ္ေျမမွ ၅ ဦး၊ (ေတာင္ဥကၠလာပ၊ ေျမာက္ဥကၠလာပ၊ ဗဟန္း၊ သဃၤန္းကြၽန္း၊ တာေမြ၊ မဂၤလာေတာင္ၫြန႔္) ၿမိဳ႕နယ္ တို႔မွ ၉ ဦး၊ (လႈိင္၊ လွည္းတန္း၊ စမ္းေခ်ာင္း၊ ကမာ႐ြတ္၊ ၾကည့္ျမင္တိုင္)ၿမိဳ႕နယ္တို႔မွ ၁၄ ဦး၊ (အလုံ၊ ပုစြန္ေတာင္၊ လမ္းမေတာ္၊ ေက်ာက္တံတား၊ လသာ) ၿမိဳ႕နယ္တို႔မွ ၄ ဦး၊ (သာေကတ၊ သန္လ်င္၊ ေဒါပုံ) ၿမိဳ႕နယ္တို႔မွ ၇ ဦး၊ (တြံေတး၊ ေကာ့မႉး၊ ကြန္းၿခံကုန္း)တို႔မွ ၁ ဦး၊ (အင္းစိန္၊ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ ထန္းတပင္)ၿမိဳ႕နယ္တို႔မွ ၃ ဦး စုစုေပါင္း ၄၃ ဦးတို႔ကို ဖမ္းမိထားတယ္လို႔ ထုတ္ျပန္ပါတယ္။ ၁ ဦးကို အေသ ပစ္ခတ္ဖမ္းဆီးမိတယ္လို႔လည္း ဆိုပါတယ္။ဒါ့အျပင္ ကူညီေထာက္ပံ့ေပးသူ ၈ ဦးကိုလည္း အၾကမ္းဖက္စစ္ေကာင္စီက ဖမ္းဆီးထား ပါတယ္။

ဗားဂရာမီးပြိဳင့္ရွိလုံၿခဳံေရးအဖြဲ႕ဝင္ေတြကို ပစ္ခတ္မႈနဲ႔ ထန္းတပင္ ပစ္ခတ္မႈေတြအျပင္ သန္လ်င္တံတား၊ ေျမာက္ဥကၠလာတံတား ပစ္ခတ္မႈေတြက PDF တခ်ိဳ႕ကိုလည္း ဖမ္းဆီးရမိ ထားတယ္လို႔ စစ္ေကာင္စီက ေၾကညာပါတယ္။စစ္ေကာင္စီမီဒီယာေတြမွာ စြပ္စြဲေဖာ္ျပခ်က္ေတြနဲ႔ ပတ္သက္ၿပီး ဖမ္းဆီးခံရသူေတြ ဘက္က တုံ႔ျပန္ေျပာဆိုခြင့္ မရေသးသလို ဒီဗြီဘီအေနနဲ႔လည္း သီးျခား အတည္ျပဳႏိုင္ျခင္း မရွိေသးပါဘူး။

စစ္ေကာင္စီတပ္ေတြဟာ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ျဖစ္ပြားခဲ့တဲ့ ေနရာအနီးတဝိုက္မွာ ေတြ႕ရာႀကဳံလူငယ္ေတြကို မၾကာခဏဖမ္းဆီးသြားေလ့ရွိၿပီး ဒီေနာက္မွာ စစ္ေကာင္စီအာေဘာ္ မီဒီယာေတြကေန ဓာတ္ပုံေတြ ဇယားေတြနဲ႔ မဟုတ္မမွန္ ဇာတ္လမ္းဆင္ၿပီး သတင္းထုတ္ျပန္ေလ့ရွိတာ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *