ပြည်သူအတွက် အသက်ပေးဖို့ ဆုံးဖြတ်ထားပြီဆိုတဲ့ CDM ရဲမေလေး

ပြည်သူအတွက် အသက်ပေးဖို့ ဆုံးဖြတ်ထားပြီဆိုတဲ့ CDM ရဲမေလေး

ထက်ထက်အောင်/ဧရာဝတီတိုင်းမ်….နိုဝင်ဘာ ၁၈ ရက်

လူသူအရောက်အပေါက်နည်းပြီး သွားလာရေးခက်ခဲလှသော လွတ်မြောက်နယ်မြေတစ်ခုရှိ တောတွင်းတစ်နေရာတွင် ပျိုမြစ်နုနယ်လှပသည့် အမျိုးသမီးငယ်တစ်ဦးမှာ ပစ္စတိုသေနတ်ကို ကျွမ်းကျင်စွာကိုင်တွယ်ရင်း သေနတ်ပစ် လေ့ကျင့်နေသည်။

နုနယ်ပျိုမြစ်သည့် မျက်နှာသွင်ပြင်ရှိသော အဆိုပါ အမျိုးသမီးငယ်မှာ ပစ္စတိုသေနတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ပစ်မှတ်များဆီသို့ ကျည်ဆံများ ပစ်လွှတ်လိုက်သည်။

တောတောင် များအတွင်း၌ သေနတ်သံများ ဆူညံသွားပြီး သက်မဲ့ပစ်မှတ်များလည်း ပြိုလဲသွားခဲ့သည်။ ထိုသို့ သေနတ်ပစ်လေ့ကျင့်နေသော မိန်းကလေးငယ်၏အမည်က မရည်မြတ်မွန်နိုင်ဖြစ်သည်။

သူမသည် လွန်ခဲ့သော ၉ လကျော်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမေတစ်ဦးဖြစ်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီး၍ အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ ပထမဦးဆုံးသော CDM ပြုလုပ်သည့် ရဲမေဖြစ်သည်။

”အပြစ်မဲ့ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်နေတဲ့ စစ်အာဏာရှင်လက်အောက်မှာ အလုပ်ဆက်ပြီး မလုပ်နိုင်တာကြောင့် အာဏာရှင်ကို ပြည်သူတွေနဲ့အတူ တော်လှန်ဖို့ CDM လုပ်ခဲ့တာပါ”ဟု ရဲမေ မရည်မြတ်မွန်နိုင်က ရှင်းပြသည်။

သူမက ငယ်ငယ်ကတည်းက ရဲတပ်ဖွဲ့ဝင် ဖြစ်ချင်ခဲ့သူဟု မရည်မြတ်မွန်နိုင်က ဆိုသည်။ ထို့ကြောင့်လည်း မိသားစုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထဲ ဝင်ခွင့်ပေးဖို့ သူမအကြိမ်ကြိမ် ပူဆာတောင်းဆိုခဲ့သည့်အတွက် မိဘများက ခွင့်ပြုခဲ့ရသည်။

ထို့ကြောင့် ၂၀၁၇ ခုနှစ်တွင် ဧရာဝတီတိုင်း၊ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့သည်။ “ကျွန်မရည်မှန်းချက်က နိုင်ငံ့တာဝန် ကျေပွန်စွာထမ်းဆောင်တဲ့ ရဲမေဖြစ်ဖို့ပဲ။ အဲဒါကြောင့်လည်း အိမ်က မိဘတွေကို ရဲတပ်ဖွဲ့ထဲ ဝင်ခွင့်ပေးဖို့ နှစ်နဲ့ချီ တောင်းဆိုခဲ့ရတယ်”ဟု
သူမက ပြောပြသည်။

အသက် ၂၀ ကျော်အရွယ်မှာ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့သူ မရည်မြတ်မွန်နိုင်မှာ ရဲသင်တန်းကျောင်းတွင် အခက်အခဲ များစွာကြားထဲက စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့ ကြိုးစားလေ့ကျင့်ခဲ့ရသည်။

သင်တန်းကာလ တလျောက် နေ့စဉ် နိုင်ငံနှင့် ပြည်သူအတွက် သစ္စာဆိုရင်း ရွှံ့ထဲဖုန်ထဲ၌ နေပူမိုးရွာမရှောင် စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပြီးနောက် ရဲမေဖြစ်ခဲ့သည်။

သူမအနေဖြင့် ရဲတပ်ဖွဲ့အတွင်း မိမိရည်မှန်းချက်အတိုင်း တာဝန်ကျေပွန်စွာထမ်းဆောင်ရင်း တစ်ဖက်မှာလည်း ရဲတပ်ဖွဲ့၏ပျက်ယွင်းနေတဲ့ ပုံရိပ်တွေကို သူမ သတိထားမိခဲ့သည်။

”ရဲထဲက အရာရှိ တော်တော်များများက စစ်ကောင်စီကနေ အသွင်ပြောင်းထားတာတွေများတယ်။ ရဲလုပ်ငန်း၊ ရဲစည်းကမ်းနားမလည်ဘဲ ကိုင်တွယ်ကြပြီး အမှုကိစ္စတွေလည်း အရှုပ်အရှင်းတွေ ဖြစ်လာတယ်။

ဖော်နိုင်တဲ့အမှုတောင် ဖုံးပစ်လိုက်ကြတာမျိုးအထိရှိလာတယ်”ဟု မရည်မြတ်မွန်နိုင်က ပြောပြသည်။ ရဲလုပ်ငန်းဌာနအတွင်း ယခုလို စိတ်မသက်သာစရာတွေ ကြုံတွေ့လာရပြီးသည့်နောက်မှာ ရဲတပ်ဖွဲ့ အပေါ်သူမ၏ယုံကြည်မှုကို ကိုယ်တိုင်ပြန်ဆန်းစစ်ပြီး
သေနတ်ကိုင်နေတာ ဘယ်သူ့အတွက်လဲဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်လာခဲ့သည်။ ယင်းအချိန်မှာပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးပြီး တိုင်းပြည်ကို အာဏာသိမ်းခဲ့သည်။

ထို့ပြင် အာဏာသိမ်း စစ်ခေါင်းဆောင်က လမ်းမပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများကို အကြမ်းဖက်ဖြိုခွဲသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့သည်။ စစ်ကောင်စီလက်ပါးစေ စစ်တပ်နှင့် ရဲတပ်ဖွဲ့ကလည်း စစ်ခေါင်းဆောင် အမိန့်အတိုင်း လက်နက်မဲ့ပြည်သူများအပေါ်

အကြမ်းဖက်သတ်ဖြတ်မှုတွေ ရက်စက်စွာ ကျူးလွန်ဆောင်ရွက်ခဲ့ကြသည်။ ယခင်ကတည်းက ပြည်သူကို ကာကွယ်ပြီး အလုပ်အကျွေးပြုဖို့အတွက် ရဲတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့သည့် မရည်မြတ်မွန်နိုင်အတွက်တော့ အာဏာသိမ်း စစ်ကောင်စီခိုင်းသမျှ

လက်နက်မဲ့ ပြည်သူကို သတ်ဖြတ်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏လုပ်ရပ်ကို စက်ဆုပ်ရွံရှာခဲ့သည်။ ထို့ကြောင့်လည်း လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM မှာ စောစီးစွာ ပါဝင်ခဲ့ပြီး ဧရာဝတီတိုင်းမှ ပထမဆုံးသော CDM ရဲမေအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သူမ CDM ပြုလုပ်မှုကို မိသားစုကလည်း သဘောတူခဲ့သည်။ သူမ CDM စလုပ်ဆောင်ချိန်က ရုံးမတက်၊ တာဝန်မထမ်းဆောင်တော့ဘဲ အမျိုးတွေအိမ်မှာ နှစ်လကျော်လောက် ရှောင်တိမ်းနေခဲ့သည်။

လက်နက်မဲ့ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ လူငယ်တွေ PDF တပ်ဖွဲ့ထဲဝင်ကြတော့ သူမလည်း ပြည်သူကို ကာကွယ်ဖို့အတွက် PDF ထဲဝင်ဖို့ ကြိုးစားတော့သည်။

”ကျွန်မ ရဲတပ်ဖွဲ့ထဲဝင်တာ ပြည်သူကို ကာကွယ်ဖို့ပဲ။ စစ်ကောင်စီက လက်နက်မဲ့ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတာ ဒီတိုင်းငြိမ်ခံနေလို့ မဖြစ်ဘူး။ ခံချမယ်ဆိုတဲ့ လူငယ်တွေစိတ်ကို ကျွန်မ သဘောကျတယ်။

ဒါကြောင့် ကျွန်မလည်း PDF ထဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့တာ”ဟု မရည်မြတ်မွန်နိုင်က ပြောဆိုသည်။ သူမ မိဘတွေက CDM လုပ်တာကို မကန့်ကွက်ကြသော်လည်း မိန်းမပျိုလေးတယောက် PDF ထဲဝင်ပြီး အသက်နဲ့ရင်းကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဆိုသောကိစ္စကိုတော့ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်။

”မိဘတွေ ကန့်ကွက်တဲ့ကြားက ကျွန်မ PDF ထဲ ဝင်ခဲ့တယ်။ အဲဒီအတွက် မိဘတွေက ကျွန်မကို အမွေပြတ် စွန့်လွှတ်ခဲ့တယ်။ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ကျွန်မအသက်ကိုတောင် ပေးအပ်ထားပြီး ပြီဆိုတော့ အမွေပြတ်စွန့်လွှတ်ခံရတဲ့ကိစ္စကို အရမ်းကြီး မခံစားရပါဘူး”ဟု မရည်မြတ်မွန်နိုင်က ပြောပြသည်။

လက်ရှိတွင် မရည်မြတ်မွန်နိုင်သည် လွတ်မြောက်နယ်မြေတစ်ခု၌ အဆင့်မြင့်လက်နက်ကိုင် တိုက်ခိုက်ရေး သင်တန်း တက်ရောက်ရန် ပြင်ဆင်နေသည်။ သူမကြိုးစားမှုတွေအားလုံးက အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ဖြုတ်ချရန်နှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်ဟု ဆိုသည်

“ကျွန်မတို့ တိုင်းပြည်ကို စစ်အာဏာရှင် စနစ်ဆိုးအောက်ကနေ ကယ်တင်နိုင်ရမယ်။ ပြည်သူ့တော်လှန်ရေး အောင်ကို အောင်ရမယ်။ အောင်မြင်ဖို့အတွက်လည်း ကျွန်မအသက်နဲ့ရင်းပြီး ကြိုးပမ်းသွားမယ်။

ဒါ ကျွန်မ ဆုံးဖြတ်ချက်ပဲ”ဟု မရည်မြတ်မွန်နိုင်က သူမ၏ဆုံးဖြတ်ချက်ကို ပြောပြသည်။

Zawgyi

ျပည္သူအတြက္ အသက္ေပးဖို႔ ဆုံးျဖတ္ထားၿပီဆိုတဲ့ CDM ရဲေမေလး

ထက္ထက္ေအာင္/ဧရာဝတီတိုင္းမ္….ႏိုဝင္ဘာ ၁၈ ရက္

လူသူအေရာက္အေပါက္နည္းၿပီး သြားလာေရးခက္ခဲလွေသာ လြတ္ေျမာက္နယ္ေျမတစ္ခုရွိ ေတာတြင္းတစ္ေနရာတြင္ ပ်ိဳျမစ္ႏုနယ္လွပသည့္ အမ်ိဳးသမီးငယ္တစ္ဦးမွာ ပစၥတိုေသနတ္ကို ကြၽမ္းက်င္စြာကိုင္တြယ္ရင္း ေသနတ္ပစ္ ေလ့က်င့္ေနသည္။

ႏုနယ္ပ်ိဳျမစ္သည့္ မ်က္ႏွာသြင္ျပင္ရွိေသာ အဆိုပါ အမ်ိဳးသမီးငယ္မွာ ပစၥတိုေသနတ္ကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ၿပီး ပစ္မွတ္မ်ားဆီသို႔ က်ည္ဆံမ်ား ပစ္လႊတ္လိုက္သည္။

ေတာေတာင္ မ်ားအတြင္း၌ ေသနတ္သံမ်ား ဆူညံသြားၿပီး သက္မဲ့ပစ္မွတ္မ်ားလည္း ၿပိဳလဲသြားခဲ့သည္။ ထိုသို႔ ေသနတ္ပစ္ေလ့က်င့္ေနေသာ မိန္းကေလးငယ္၏အမည္က မရည္ျမတ္မြန္ႏိုင္ျဖစ္သည္။

သူမသည္ လြန္ခဲ့ေသာ ၉ လေက်ာ္က ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ ရဲေမတစ္ဦးျဖစ္ခဲ့ၿပီး ယခုႏွစ္ ေဖေဖာ္ဝါရီလတြင္ တပ္မေတာ္က ႏိုင္ငံ့ေခါင္းေဆာင္မ်ားကို ဖမ္းဆီး၍ အာဏာသိမ္းၿပီးေနာက္ပိုင္း ဧရာဝတီတိုင္း ေဒသႀကီးအတြင္းမွ ပထမဦးဆုံးေသာ CDM ျပဳလုပ္သည့္ ရဲေမျဖစ္သည္။

”အျပစ္မဲ့ျပည္သူေတြကို ညႇဥ္းပန္းႏွိပ္စက္ေနတဲ့ စစ္အာဏာရွင္လက္ေအာက္မွာ အလုပ္ဆက္ၿပီး မလုပ္ႏိုင္တာေၾကာင့္ အာဏာရွင္ကို ျပည္သူေတြနဲ႔အတူ ေတာ္လွန္ဖို႔ CDM လုပ္ခဲ့တာပါ”ဟု ရဲေမ မရည္ျမတ္မြန္ႏိုင္က ရွင္းျပသည္။

သူမက ငယ္ငယ္ကတည္းက ရဲတပ္ဖြဲ႕ဝင္ ျဖစ္ခ်င္ခဲ့သူဟု မရည္ျမတ္မြန္ႏိုင္က ဆိုသည္။ ထို႔ေၾကာင့္လည္း မိသားစုကို ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ထဲ ဝင္ခြင့္ေပးဖို႔ သူမအႀကိမ္ႀကိမ္ ပူဆာေတာင္းဆိုခဲ့သည့္အတြက္ မိဘမ်ားက ခြင့္ျပဳခဲ့ရသည္။

ထို႔ေၾကာင့္ ၂၀၁၇ ခုႏွစ္တြင္ ဧရာဝတီတိုင္း၊ ရဲတပ္ဖြဲ႕ထဲ ဝင္ေရာက္ခဲ့သည္။ “ကြၽန္မရည္မွန္းခ်က္က ႏိုင္ငံ့တာဝန္ ေက်ပြန္စြာထမ္းေဆာင္တဲ့ ရဲေမျဖစ္ဖို႔ပဲ။ အဲဒါေၾကာင့္လည္း အိမ္က မိဘေတြကို ရဲတပ္ဖြဲ႕ထဲ ဝင္ခြင့္ေပးဖို႔ ႏွစ္နဲ႔ခ်ီ ေတာင္းဆိုခဲ့ရတယ္”ဟုသူမက ေျပာျပသည္။

အသက္ ၂၀ ေက်ာ္အ႐ြယ္မွာ ရဲတပ္ဖြဲ႕ထဲ ဝင္ေရာက္ခဲ့သူ မရည္ျမတ္မြန္ႏိုင္မွာ ရဲသင္တန္းေက်ာင္းတြင္ အခက္အခဲ မ်ားစြာၾကားထဲက စိတ္ပိုင္းႏွင့္႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္ေစဖို႔ ႀကိဳးစားေလ့က်င့္ခဲ့ရသည္။

သင္တန္းကာလ တေလ်ာက္ ေန႔စဥ္ ႏိုင္ငံႏွင့္ ျပည္သူအတြက္ သစၥာဆိုရင္း ႐ႊံ႕ထဲဖုန္ထဲ၌ ေနပူမိုး႐ြာမေရွာင္ စာေတြ႕ လက္ေတြ႕ ေလ့က်င့္သင္ၾကားၿပီးေနာက္ ရဲေမျဖစ္ခဲ့သည္။

သူမအေနျဖင့္ ရဲတပ္ဖြဲ႕အတြင္း မိမိရည္မွန္းခ်က္အတိုင္း တာဝန္ေက်ပြန္စြာထမ္းေဆာင္ရင္း တစ္ဖက္မွာလည္း ရဲတပ္ဖြဲ႕၏ပ်က္ယြင္းေနတဲ့ ပုံရိပ္ေတြကို သူမ သတိထားမိခဲ့သည္။

”ရဲထဲက အရာရွိ ေတာ္ေတာ္မ်ားမ်ားက စစ္ေကာင္စီကေန အသြင္ေျပာင္းထားတာေတြမ်ားတယ္။ ရဲလုပ္ငန္း၊ ရဲစည္းကမ္းနားမလည္ဘဲ ကိုင္တြယ္ၾကၿပီး အမႈကိစၥေတြလည္း အရႈပ္အရွင္းေတြ ျဖစ္လာတယ္။

ေဖာ္ႏိုင္တဲ့အမႈေတာင္ ဖုံးပစ္လိုက္ၾကတာမ်ိဳးအထိရွိလာတယ္”ဟု မရည္ျမတ္မြန္ႏိုင္က ေျပာျပသည္။ ရဲလုပ္ငန္းဌာနအတြင္း ယခုလို စိတ္မသက္သာစရာေတြ ႀကဳံေတြ႕လာရၿပီးသည့္ေနာက္မွာ ရဲတပ္ဖြဲ႕ အေပၚသူမ၏ယုံၾကည္မႈကို ကိုယ္တိုင္ျပန္ဆန္းစစ္ၿပီး
ေသနတ္ကိုင္ေနတာ ဘယ္သူ႔အတြက္လဲဟု ကိုယ့္ကိုယ္ကိုယ္ ေမးခြန္းထုတ္လာခဲ့သည္။ ယင္းအခ်ိန္မွာပင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႏိုင္ငံ့ေခါင္းေဆာင္မ်ားကို ဖမ္းဆီးၿပီး တိုင္းျပည္ကို အာဏာသိမ္းခဲ့သည္။

ထို႔ျပင္ အာဏာသိမ္း စစ္ေခါင္းေဆာင္က လမ္းမေပၚတြင္ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသည့္ ျပည္သူမ်ားကို အၾကမ္းဖက္ၿဖိဳခြဲသတ္ျဖတ္ဖို႔ အမိန႔္ေပးခဲ့သည္။ စစ္ေကာင္စီလက္ပါးေစ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ကလည္း စစ္ေခါင္းေဆာင္ အမိန႔္အတိုင္း လက္နက္မဲ့ျပည္သူမ်ားအေပၚ

အၾကမ္းဖက္သတ္ျဖတ္မႈေတြ ရက္စက္စြာ က်ဴးလြန္ေဆာင္႐ြက္ခဲ့ၾကသည္။ ယခင္ကတည္းက ျပည္သူကို ကာကြယ္ၿပီး အလုပ္အေကြၽးျပဳဖို႔အတြက္ ရဲတပ္ဖြဲ႕ထဲ ဝင္ေရာက္ခဲ့သည့္ မရည္ျမတ္မြန္ႏိုင္အတြက္ေတာ့ အာဏာသိမ္း စစ္ေကာင္စီခိုင္းသမွ်

လက္နက္မဲ့ ျပည္သူကို သတ္ျဖတ္ေနသည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏လုပ္ရပ္ကို စက္ဆုပ္႐ြံရွာခဲ့သည္။ ထို႔ေၾကာင့္လည္း လူထုအာဏာဖီဆန္ေရးလႈပ္ရွားမႈ – CDM မွာ ေစာစီးစြာ ပါဝင္ခဲ့ၿပီး ဧရာဝတီတိုင္းမွ ပထမဆုံးေသာ CDM ရဲေမအျဖစ္ မွတ္တမ္းဝင္ခဲ့သည္။

သူမ CDM ျပဳလုပ္မႈကို မိသားစုကလည္း သေဘာတူခဲ့သည္။ သူမ CDM စလုပ္ေဆာင္ခ်ိန္က ႐ုံးမတက္၊ တာဝန္မထမ္းေဆာင္ေတာ့ဘဲ အမ်ိဳးေတြအိမ္မွာ ႏွစ္လေက်ာ္ေလာက္ ေရွာင္တိမ္းေနခဲ့သည္။

လက္နက္မဲ့ ျပည္သူေတြကို အၾကမ္းဖက္သတ္ျဖတ္ေနသည့္ စစ္ေကာင္စီကို ျပန္လည္တိုက္ခိုက္ဖို႔ လူငယ္ေတြ PDF တပ္ဖြဲ႕ထဲဝင္ၾကေတာ့ သူမလည္း ျပည္သူကို ကာကြယ္ဖို႔အတြက္ PDF ထဲဝင္ဖို႔ ႀကိဳးစားေတာ့သည္။

”ကြၽန္မ ရဲတပ္ဖြဲ႕ထဲဝင္တာ ျပည္သူကို ကာကြယ္ဖို႔ပဲ။ စစ္ေကာင္စီက လက္နက္မဲ့ျပည္သူေတြကို အၾကမ္းဖက္ သတ္ျဖတ္ေနတာ ဒီတိုင္းၿငိမ္ခံေနလို႔ မျဖစ္ဘူး။ ခံခ်မယ္ဆိုတဲ့ လူငယ္ေတြစိတ္ကို ကြၽန္မ သေဘာက်တယ္။

ဒါေၾကာင့္ ကြၽန္မလည္း PDF ထဲ ဝင္ဖို႔ ဆုံးျဖတ္ခဲ့တာ”ဟု မရည္ျမတ္မြန္ႏိုင္က ေျပာဆိုသည္။ သူမ မိဘေတြက CDM လုပ္တာကို မကန႔္ကြက္ၾကေသာ္လည္း မိန္းမပ်ိဳေလးတေယာက္ PDF ထဲဝင္ၿပီး အသက္နဲ႔ရင္းကာ စစ္ေကာင္စီကို ျပန္လည္တိုက္ခိုက္မည္ဆိုေသာကိစၥကိုေတာ့ ဝိုင္းဝန္းကန႔္ကြက္ခဲ့ၾကသည္။

”မိဘေတြ ကန႔္ကြက္တဲ့ၾကားက ကြၽန္မ PDF ထဲ ဝင္ခဲ့တယ္။ အဲဒီအတြက္ မိဘေတြက ကြၽန္မကို အေမြျပတ္ စြန႔္လႊတ္ခဲ့တယ္။ တိုင္းျပည္နဲ႔ ျပည္သူေတြအတြက္ ကြၽန္မအသက္ကိုေတာင္ ေပးအပ္ထားၿပီး ၿပီဆိုေတာ့ အေမြျပတ္စြန႔္လႊတ္ခံရတဲ့ကိစၥကို အရမ္းႀကီး မခံစားရပါဘူး”ဟု မရည္ျမတ္မြန္ႏိုင္က ေျပာျပသည္။

လက္ရွိတြင္ မရည္ျမတ္မြန္ႏိုင္သည္ လြတ္ေျမာက္နယ္ေျမတစ္ခု၌ အဆင့္ျမင့္လက္နက္ကိုင္ တိုက္ခိုက္ေရး သင္တန္း တက္ေရာက္ရန္ ျပင္ဆင္ေနသည္။ သူမႀကိဳးစားမႈေတြအားလုံးက အာဏာသိမ္း စစ္ေကာင္စီကို တိုက္ခိုက္ျဖဳတ္ခ်ရန္ႏွင့္ ျပည္သူလူထုကို ကာကြယ္ေစာင့္ေရွာက္ရန္ျဖစ္သည္ဟု ဆိုသည္

“ကြၽန္မတို႔ တိုင္းျပည္ကို စစ္အာဏာရွင္ စနစ္ဆိုးေအာက္ကေန ကယ္တင္ႏိုင္ရမယ္။ ျပည္သူ႔ေတာ္လွန္ေရး ေအာင္ကို ေအာင္ရမယ္။ ေအာင္ျမင္ဖို႔အတြက္လည္း ကြၽန္မအသက္နဲ႔ရင္းၿပီး ႀကိဳးပမ္းသြားမယ္။

ဒါ ကြၽန္မ ဆုံးျဖတ္ခ်က္ပဲ”ဟု မရည္ျမတ္မြန္ႏိုင္က သူမ၏ဆုံးျဖတ္ခ်က္ကို ေျပာျပသည္။

Leave a Reply

Your email address will not be published. Required fields are marked *