စစ်သား ၂ ယောက်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ရင်ဖွင့်သံ
ရင်တွေနာလိုက်တာ….မိန်းမတစ်ယောက်အတွက်အဆိုးရွားဆုံး ခံစားချက်နဲ့ယောက်ျားဖြစ်သူအတွက်ခံပြင်းစရာအကောင်းဆုံးနာကျည်းချက်ပဲ
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ခံရသူ ကိုယ်ဝန် ခုနှစ်လနှင့် အမျိုးသမီးအား မေးမြန်းချက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာတွင် ကိုယ်ဝန် ခုနှစ်လ လွယ်ထားသူ၊ ကလေး လေးယောက်မိခင်၊
အသက် ၃၀ အရွယ် အမျိုးသမီးကို စစ်ကောင်စီတပ်သား နှစ်ဦးက နိုဝင်ဘာလ ၁၁ ရက် ည ၁၁ နာရီ မိနစ် ၃၀ ဝန်းကျင်တွင်
အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးထံက သိရပါသည်။
ထိုနေ့တွင်ပင် မီးနေသည်ဖြစ်သူ တစ်လခွဲအရွယ်ကလေး၏ မိခင်ကိုလည်း စစ်သားသုံးဦးက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်။
အဆိုပါ အမျိုးသမီးနှစ်ဦးမှာ သမီးယောက်မများဖြစ်ပြီး နှစ်ဦးစလုံးသည် ၎င်းတို့၏ ခင်ပွန်းဖြစ်သူ ရှေ့တွင် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရသည်။
မေး။ ။ ဖြစ်စဉ်ကို ပြောပြပေးပါ။
ဖြေ။ ။ ပထမအကြိမ်လာတုန်းက ည ၁၀ နာရီကျော်ကျော်လောက်မှာ သူတို့ဝင်လာပြီး မင်းတို့ ဒီတိုင်းပဲနေလိုက်ကြ။
မင်းတို့မှာ ပိုက်ဆံရှိလားလို့ မေးတော့။ကျွန်မတို့ကလည်း ဘာမှမရှိဘူးလို့ ပြန်ဖြေလိုက်တယ်။ အေး နင်တို့ပိုက်ဆံမရှိလည်း ရတယ်ဆိုပြီးအပြင်ကို
ပြန်ထွက်သွားကြတယ်။ နောက် ည ၁၁နာရီလောက် ဖြစ်မယ်။ နောက်ထပ် သူတို့ပြန်ဝင်လာကြတယ်။ ဒီမှာ လာအုံး။
နင့်နားကပ် ချွတ်ပေးစမ်း။ ငါ့ကို ပေးစမ်း။ နင် မပေးရင် ငါပစ်သတ်လိုက်မယ်ဆိုပြီး ပြောတော့
ကျွန်မ နားကပ်ကို ဖြုတ်ပြီးပေးလိုက်တယ်။ ကျွန်မယောကျာ်းကိုလည်းကြမ်းပြင်ပေါ်မှာ မှောက်ခိုင်းတယ် သေနတ်ဒင်နဲ့ ထုတယ်။
ခေါင်းကိ ခြေတောက်တွေနဲ့နင်းတယ်။ ပြီးတော့ မင်းအပြင်ကို ထွက်ဆိုပြီးပြောတယ်။ ကျွန်မကိုတော့ လာခဲ့စမ်းဆိုပြီး
ရေချိုးခန်းကိုခေါ်ပြီးတော့ အဓမ္မကျင့်ကြတယ်။ နှစ်ယောက်စလုံးက ကျွန်မကို တစ်ကြိမ်စီ ပြုကျင့်ကြတယ်။
ပြီးတော့ကျွန်မကို ဝမ်းသာလားဆိုပြီး မေးတယ်။ ဝမ်းမသာဘူးလို့လည်း ပြောလို့မရ၊ ဝမ်းသာတယ်လို့လည်းပြောလို့က အဆင်မပြေ၊
ဟုတ်တယ်လို့ပဲ ပြန်ဖြေလိုက်တယ်။ မဟုတ်ဘူးဆိုလည်း အသတ်ခံရမှာလေ။ သူတို့ထွက်သွားခါနီး ကျွန်မယောကျာ်းကို ရိုက်ပြီးသွားကြတာ။
ပါးစပ်ထဲကနေ သွေးတွေထွက်လာတယ်။ နောက်တစ်ကြိမ် ထပ်ဝင်လာပြီး တံခါးပြန်ဖွင့်ပါလို့ ပြောတော့ ကျွန်မလည်း တံခါးကို သွားဖွင့်လိုက်တယ်။
နောက်တစ်ကြိမ်လည်း နှစ်ယောက်စလုံး ပြန်ပြီးတော့ အဓမ္မပြုကျင့်ကြတယ်။
ပြီးတော့ ကျွန်မရဲ့ မအင်္ဂါကို ကိုက်တာ၊ ကျွန်မသွေးတွေတော်တော်များ ထွက်လာတယ်။ အခုထိလည်း နာနေတယ်။ အနာကလည်း မကျက်သေးဘူး။
ဒုတိယအကြိမ် ထပ်လာတာတော့ ၂ နာရီ ကျော်ကျော်လောက်ဖြစ်မယ်။ နာရီတွေလည်း ဖြုတ်ယူသွားကြတော့ အချိန်တိတိကျကျ မမှတ်မိတော့ဘူး။
မေး။ ။ အခုဗိုက်ထဲက ကလေးက ဘယ်နှစ်လရှိပြီလဲ။
ဖြေ ။ ခုနှစ်လရှိပြီ။
မေး။ ။ ဒုတိယအကြိမ် သူတို့ပြန်ဝင်လာတဲ့ အချိန် အစ်မအမျိုးသားရှိလား။
ဖြေ။ ။ယောက်ျားကို ထမလာနဲ့ ထမလာနဲ့ဆိုပြီး ဆေးလိပ်ပြာခွက်နဲ့ ပေါက်ကြတယ်။ ပြီးတော့အိမ်ထဲက ဓာတ်မီးကို သူတို့ထွန်းကြတယ်။
မီးမလင်းတော့အဲဒီဓါတ်မီးနဲ့ ယောက်ျားခေါင်းကို ပေါက်ကြတယ်။ ကျွန်မယောက်ျားဆိုရင်လည်း သူ့ခေါင်း၊
နှာခေါင်းနဲ့ပါးစပ်တွေမှာ သွေးတွေအများကြီးထွက်တယ်။ လာတဲ့သူတွေကိုယ်မှာ အရက်နံလည်းနံတယ်။ အရက်ပုလင်းတွေလည်း ပါတယ်။
Zawgyi
စစ္သား ၂ ေယာက္က အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခံရတဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးရဲ႕ ရင္ဖြင့္သံ
ရင္ေတြနာလိုက္တာ….မိန္းမတစ္ေယာက္အတြက္အဆိုး႐ြားဆုံး ခံစားခ်က္နဲ႔ေယာက္်ားျဖစ္သူအတြက္ခံျပင္းစရာအေကာင္းဆုံးနာက်ည္းခ်က္ပဲ
စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈ ခံရသူ ကိုယ္ဝန္ ခုႏွစ္လႏွင့္ အမ်ိဳးသမီးအား ေမးျမန္းခ်က္
ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္၊ အပ္လြယ္ေက်း႐ြာတြင္ ကိုယ္ဝန္ ခုႏွစ္လ လြယ္ထားသူ၊ ကေလး ေလးေယာက္မိခင္၊
အသက္ ၃၀ အ႐ြယ္ အမ်ိဳးသမီးကို စစ္ေကာင္စီတပ္သား ႏွစ္ဦးက ႏိုဝင္ဘာလ ၁၁ ရက္ ည ၁၁ နာရီ မိနစ္ ၃၀ ဝန္းက်င္တြင္
အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့ေၾကာင္း ကာယကံရွင္ အမ်ိဳးသမီးထံက သိရပါသည္။
ထိုေန႔တြင္ပင္ မီးေနသည္ျဖစ္သူ တစ္လခြဲအ႐ြယ္ကေလး၏ မိခင္ကိုလည္း စစ္သားသုံးဦးက အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခဲ့သည္။
အဆိုပါ အမ်ိဳးသမီးႏွစ္ဦးမွာ သမီးေယာက္မမ်ားျဖစ္ၿပီး ႏွစ္ဦးစလုံးသည္ ၎တို႔၏ ခင္ပြန္းျဖစ္သူ ေရွ႕တြင္ အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခံခဲ့ရသည္။
ေမး။ ။ ျဖစ္စဥ္ကို ေျပာျပေပးပါ။
ေျဖ။ ။ ပထမအႀကိမ္လာတုန္းက ည ၁၀ နာရီေက်ာ္ေက်ာ္ေလာက္မွာ သူတို႔ဝင္လာၿပီး မင္းတို႔ ဒီတိုင္းပဲေနလိုက္ၾက။
မင္းတို႔မွာ ပိုက္ဆံရွိလားလို႔ ေမးေတာ့။ကြၽန္မတို႔ကလည္း ဘာမွမရွိဘူးလို႔ ျပန္ေျဖလိုက္တယ္။ ေအး နင္တို႔ပိုက္ဆံမရွိလည္း ရတယ္ဆိုၿပီးအျပင္ကို
ျပန္ထြက္သြားၾကတယ္။ ေနာက္ ည ၁၁နာရီေလာက္ ျဖစ္မယ္။ ေနာက္ထပ္ သူတို႔ျပန္ဝင္လာၾကတယ္။ ဒီမွာ လာအုံး။
နင့္နားကပ္ ခြၽတ္ေပးစမ္း။ ငါ့ကို ေပးစမ္း။ နင္ မေပးရင္ ငါပစ္သတ္လိုက္မယ္ဆိုၿပီး ေျပာေတာ့
ကြၽန္မ နားကပ္ကို ျဖဳတ္ၿပီးေပးလိုက္တယ္။ ကြၽန္မေယာက်ာ္းကိုလည္းၾကမ္းျပင္ေပၚမွာ ေမွာက္ခိုင္းတယ္ ေသနတ္ဒင္နဲ႔ ထုတယ္။
ေခါင္းကို ေျခေတာက္ေတြနဲ႔နင္းတယ္။ ၿပီးေတာ့ မင္းအျပင္ကို ထြက္ဆိုၿပီးေျပာတယ္။ ကြၽန္မကိုေတာ့ လာခဲ့စမ္းဆိုၿပီး
ေရခ်ိဳးခန္းကိုေခၚၿပီးေတာ့ အဓမၼက်င့္ၾကတယ္။ ႏွစ္ေယာက္စလုံးက ကြၽန္မကို တစ္ႀကိမ္စီ ျပဳက်င့္ၾကတယ္။
ၿပီးေတာ့ကြၽန္မကို ဝမ္းသာလားဆိုၿပီး ေမးတယ္။ ဝမ္းမသာဘူးလို႔လည္း ေျပာလို႔မရ၊ ဝမ္းသာတယ္လို႔လည္းေျပာလို႔က အဆင္မေျပ၊
ဟုတ္တယ္လို႔ပဲ ျပန္ေျဖလိုက္တယ္။ မဟုတ္ဘူးဆိုလည္း အသတ္ခံရမွာေလ။ သူတို႔ထြက္သြားခါနီး ကြၽန္မေယာက်ာ္းကို ႐ိုက္ၿပီးသြားၾကတာ။
ပါးစပ္ထဲကေန ေသြးေတြထြက္လာတယ္။ ေနာက္တစ္ႀကိမ္ ထပ္ဝင္လာၿပီး တံခါးျပန္ဖြင့္ပါလို႔ ေျပာေတာ့ ကြၽန္မလည္း တံခါးကို သြားဖြင့္လိုက္တယ္။
ေနာက္တစ္ႀကိမ္လည္း ႏွစ္ေယာက္စလုံး ျပန္ၿပီးေတာ့ အဓမၼျပဳက်င့္ၾကတယ္။
ၿပီးေတာ့ ကြၽန္မရဲ႕ မအဂၤါကို ကိုက္တာ၊ ကြၽန္မေသြးေတြေတာ္ေတာ္မ်ား ထြက္လာတယ္။ အခုထိလည္း နာေနတယ္။ အနာကလည္း မက်က္ေသးဘူး။
ဒုတိယအႀကိမ္ ထပ္လာတာေတာ့ ၂ နာရီ ေက်ာ္ေက်ာ္ေလာက္ျဖစ္မယ္။ နာရီေတြလည္း ျဖဳတ္ယူသြားၾကေတာ့ အခ်ိန္တိတိက်က် မမွတ္မိေတာ့ဘူး။
ေမး။ ။ အခုဗိုက္ထဲက ကေလးက ဘယ္ႏွစ္လရွိၿပီလဲ။
ေျဖ။ ။ ခုႏွစ္လရွိၿပီ။
ေမး။ ။ ဒုတိယအႀကိမ္ သူတို႔ျပန္ဝင္လာတဲ့ အခ်ိန္ အစ္မအမ်ိဳးသားရွိလား။
ေျဖ။ ။ေယာက္်ားကို ထမလာနဲ႔ ထမလာနဲ႔ဆိုၿပီး ေဆးလိပ္ျပာခြက္နဲ႔ ေပါက္ၾကတယ္။ ၿပီးေတာ့အိမ္ထဲက ဓာတ္မီးကို သူတို႔ထြန္းၾကတယ္။
မီးမလင္းေတာ့အဲဒီဓါတ္မီးနဲ႔ ေယာက္်ားေခါင္းကို ေပါက္ၾကတယ္။ ကြၽန္မေယာက္်ားဆိုရင္လည္း သူ႔ေခါင္း၊
ႏွာေခါင္းနဲ႔ပါးစပ္ေတြမွာ ေသြးေတြအမ်ားႀကီးထြက္တယ္။ လာတဲ့သူေတြကိုယ္မွာ အရက္နံလည္းနံတယ္။ အရက္ပုလင္းေတြလည္း ပါတယ္။