သီတဂူဆရာတော်ကြီးက မြန်မာပြည်အတွင်း စစ်ပွဲများ လုံးဝချုပ်ငြိမ်းရန် ဆုတောင်းမေတ္တာပို့
ရုရှားနိုင်ငံ၊ ရွှေစည်းခုံစေတီတော်ကြီးအား ရွှေထီးတော်တင်လှူပွဲတွင် သီတဂူဆရာတော်ကြီးက မြန်မာပြည်အတွင်း စစ်ပွဲများ လုံးဝချုပ်ငြိမ်းရန် ဆုတောင်းမေတ္တာပို့
ရုရှားနိုင်ငံ၊ မော်စကိုမြို့အနီးတည်ထားသည့် ရွှေစည်းခုံစေတီတော်ကြီး၏ ဘုံ ၁၁ ဆင့်ပါ ရွှေထီးတော်တင်လှူခြင်းအခမ်အနားကို
တန်ဆောင်မုန်းလပြည့်နေ့က အောင်မြင်စွာကျင်းပခဲ့ရာ အခမ်းအနားတွင် သီတဂူဆရာတော်ကြီးက မြန်မာပြည်တွင်း၌ စစ်ပွဲများလုံးဝချုပ်ငြိမ်းကာ
အေးချမ်းသာယာရှိစေကြောင်း မေတ္တာပို့ဆုတောင်းခဲ့သည်ဟု သီတဂူသာသနာပြုအဖွဲ့က သတင်းထုတ်ပြန်သည်။
အခမ်းအနား ပထမပိုင်းတွင် သီတဂူဆရာတော်ကြီးက ကြွရာက်လာသော ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်သံရုံးမိသားစုများ၊
စစ်သံမှူးကြီးနှင့်စစ်သံရုံး မိသားစုများ၊ ရုရှားနိုင်ငံတွင် ပညာသင်ကြားနေကြသော ကျောင်းသားများ၊ သီတဂူမြန်မာမှုပညာရှင်များကို သီလပေးသည်။
ထို့နောက် သီတဂူဆရာတော်ကြီးနှင့်တပည့် သီတဂူဗုဒ္ဓဝိဟာရ (မော်စကို) ကျောင်းထိုင်ဆရာတော် အရှင်ဒေါက်တာအစ္ဆရိယ၊
အရှင်နန္ဒမာလာလင်္ကာရတို့က မေတ္တာသုတ်ပရိတ်တော်ရွတ်ဖတ်ပွားများကြသည်။
သီတဂူဆရာတော်ကြီးက ဇယန္တော ဗောဓိယာ အစချီသော အောင်ဂါထာကို ရွတ်ဆိုကာ ယနေ့ယခု ပြုလုပ်ရသောကောင်းမှုများ၏
အစွမ်းသတ္တိကြောင့် မြန်မာပြည်တဝှမ်း စစ်ပွဲများ လုံးဝချုပ်ငြိမ်းကာ ငြိမ်းချမ်းသာယာရှိပါစေ၊
ကမ္ဘာတဝှမ်းစစ်ပွဲများလုံးဝချုပ်ငြိမ်းကာ ငြိမ်းချမ်းသာယာရှိပါစေ
ကြောင်းဆုတောင်းကာ ကုသိုလ်ကောင်းမှုအဖို့ဘာဂကို ၃၁ဘုံသားအားလုံးရစေကြောင်း အမျှဝေပါသည်။
ယင်းနောက် ရွှေထီးတော်ဘုံအဆင့်ဆင့်ကိုတင်လှူပြီးနောက် သာသနာ့အလံတော်ကို လွှင့်ထူကြသည်။
အခမ်းအနားအပြီးတွင် သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူးကြီးနှင့်ဇနီး၊ သံရုးစစ်သံရုံးမိသားစုတို့က
သီတဂူဆရာတော်ကြီးနှင့် သံဃာတော်များကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပြီး ကြွရောက်လာသော
ဧည့်သည်များကို နေ့လည်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။
#မန္တလေးသတင်းကွန်ရက်
ဓာတ်ပုံ သီတဂူသာသနာပြုအဖွဲ့
Zawgyi
သီတဂူဆရာေတာ္ႀကီးက ျမန္မာျပည္အတြင္း စစ္ပြဲမ်ား လုံးဝခ်ဳပ္ၿငိမ္းရန္ ဆုေတာင္းေမတၱာပို႔
႐ုရွားႏိုင္ငံ၊ ေ႐ႊစည္းခုံေစတီေတာ္ႀကီးအား ေ႐ႊထီးေတာ္တင္လႉပြဲတြင္ သီတဂူဆရာေတာ္ႀကီးက ျမန္မာျပည္အတြင္း စစ္ပြဲမ်ား လုံးဝခ်ဳပ္ၿငိမ္းရန္ ဆုေတာင္းေမတၱာပို႔
႐ုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕အနီးတည္ထားသည့္ ေ႐ႊစည္းခုံေစတီေတာ္ႀကီး၏ ဘုံ ၁၁ ဆင့္ပါ ေ႐ႊထီးေတာ္တင္လႉျခင္းအခမ္အနားကို
တန္ေဆာင္မုန္းလျပည့္ေန႔က ေအာင္ျမင္စြာက်င္းပခဲ့ရာ အခမ္းအနားတြင္ သီတဂူဆရာေတာ္ႀကီးက ျမန္မာျပည္တြင္း၌ စစ္ပြဲမ်ားလုံးဝခ်ဳပ္ၿငိမ္းကာ
ေအးခ်မ္းသာယာရွိေစေၾကာင္း ေမတၱာပို႔ဆုေတာင္းခဲ့သည္ဟု သီတဂူသာသနာျပဳအဖြဲ႕က သတင္းထုတ္ျပန္သည္။
အခမ္းအနား ပထမပိုင္းတြင္ သီတဂူဆရာေတာ္ႀကီးက ႂကြရာက္လာေသာ ႐ုရွားႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးႏွင့္သံ႐ုံးမိသားစုမ်ား၊
စစ္သံမႉးႀကီးႏွင့္စစ္သံ႐ုံး မိသားစုမ်ား၊ ႐ုရွားႏိုင္ငံတြင္ ပညာသင္ၾကားေနၾကေသာ ေက်ာင္းသားမ်ား၊ သီတဂူျမန္မာမႈပညာရွင္မ်ားကို သီလေပးသည္။
ထို႔ေနာက္ သီတဂူဆရာေတာ္ႀကီးႏွင့္တပည့္ သီတဂူဗုဒၶဝိဟာရ (ေမာ္စကို) ေက်ာင္းထိုင္ဆရာေတာ္ အရွင္ေဒါက္တာအစၦရိယ၊
အရွင္နႏၵမာလာလကၤာရတို႔က ေမတၱာသုတ္ပရိတ္ေတာ္႐ြတ္ဖတ္ပြားမ်ားၾကသည္။
သီတဂူဆရာေတာ္ႀကီးက ဇယေႏၲာ ေဗာဓိယာ အစခ်ီေသာ ေအာင္ဂါထာကို ႐ြတ္ဆိုကာ ယေန႔ယခု ျပဳလုပ္ရေသာေကာင္းမႈမ်ား၏
အစြမ္းသတၱိေၾကာင့္ ျမန္မာျပည္တဝွမ္း စစ္ပြဲမ်ား လုံး၀ခ်ဳပ္ၿငိမ္းကာ ၿငိမ္းခ်မ္းသာယာရွိပါေစ၊
ကမာၻတဝွမ္းစစ္ပြဲမ်ားလုံး၀ခ်ဳပ္ၿငိမ္းကာ ၿငိမ္းခ်မ္းသာယာရွိပါေစ
ေၾကာင္းဆုေတာင္းကာ ကုသိုလ္ေကာင္းမႈအဖို႔ဘာဂကို ၃၁ဘုံသားအားလုံးရေစေၾကာင္း အမွ်ေဝပါသည္။
ယင္းေနာက္ ေ႐ႊထီးေတာ္ဘုံအဆင့္ဆင့္ကိုတင္လႉၿပီးေနာက္ သာသနာ့အလံေတာ္ကို လႊင့္ထူၾကသည္။
အခမ္းအနားအၿပီးတြင္ သံအမတ္ႀကီးႏွင့္ဇနီး၊ စစ္သံမႉးႀကီးႏွင့္ဇနီး၊ သံ႐ုးစစ္သံ႐ုံးမိသားစုတို႔က
သီတဂူဆရာေတာ္ႀကီးႏွင့္ သံဃာေတာ္မ်ားကို ေန႔ဆြမ္းဆပ္ကပ္လႉဒါန္းၿပီး ႂကြေရာက္လာေသာ
ဧည့္သည္မ်ားကို ေန႔လည္စာျဖင့္ ဧည့္ခံခဲ့ေၾကာင္း သိရသည္။
#မႏၲေလးသတင္းကြန္ရက္
ဓာတ္ပုံ သီတဂူသာသနာျပဳအဖြဲ႕