ဇက်ကြောခဏခဏ တက်လျှင်
ဇက်ကြောတက် ပျောက်ဆေးနည်း
ဆေးနည်း။ ။
ရှောက်သီးတလုံးကို အရည်ညှစ်ယူပါ။ပြီးနောက် အခွံ၊ အစေ့၊ အရည် သုံးမျိူး းလုံးကို ဇလုံတခု ထဲထည့်ပါ၊
ဆား နည်းနည်းထဲ့ပြီး ပွက်ပွက်ဆူနေသော ရေနွေးဖြူ ၂လီတာ ခန့် ထည့်ပြီး အအေးခံပါ၊
နံနက် တကြိမ် အိမ်ရာဝင်တကြိမ် အကြမ်း ပန်းကန်လုံး တလုံး ပုံမှန်သောက်ပါ ။
စွမ်းအင်
ရက်ပိုင်းအတွင်းသိသိသာသာ ပျောက်ကင်းပါသည်။ အဝလွန်သောသူများ သောက်ပါက နောက်ကြော ဇတ်ကြော မတက်တော့ခြင်း ၊ အမောခံနိုင်ခြင်း ၊
ထိခိုက်ရှနာ အကျက်မြန်ခြင်း ၊ ကိုယ်လက် ပေါ့ပါးသွက် လက်ခြင်း တို့ ဖြစ်စေသည်။
ရှောက်သီး အစွမ်း နှင့် ကောက်နှတ်ချက်များ
ရှောက်သီး (Lemon) သည် အချဉ်ဓါတ်ပါသော အသီးများအုပ်စု (Citrus Fruit) တွင် ပါဝင်သည်။
Citrus Fruit အုပ်စုတွင် လိမ္မော်၊ သံပရို၊ သံပရာနှင့် ဂရိတ်ဖရုသီးများလည်း ပါဝင်ပါသည်။
ရှောက်သီးသည် ပြည် တွင်းတွင် ဖူလုံစွာ စားသုံးနိုင်ရုံသာမက ပြည်ပသို့လည်း တင်ပို့နေသော ဈေးကွက်ဝင် အသီးတစ်မျိုးလည်းဖြစ်ပါသည်။
ရှောက်သီးကို အိန္ဒိယပြည် အနောက် မြောက်ပိုင်း ဒေသတွင်စတင် တွေ့ရှိရပြီး ရှေးနှစ်ပေါင်းများ စွာ ကတည်းက အရှေ့တောင်အာရှမှာ စိုက်ပျိုးခဲ့ပါတယ်။
၁၂ ရာစု၊ ၁၃ ရာစု လောက်မှာ ဥရော ပ နိုင်ငံများသို့ ရောက်ရှိခဲ့ပါသည်။မြန်မာပြည်တွင် အပူပိုင်းဒေသများ၌ အများဆုံး စိုက်ပျိုးလာကြပြီ ဖြစ်ပါသည်။
လူအများစုသည် ရှောက်သီးနံ့ ကို သဘောတူပြီး ဟင်းပွဲများတွင် ထည့်သွင်း အသုံးပြုလာကြသကဲ့သို့ ဆေးဘက်ဝင် အသီးတစ်မျိုး အဖြစ် လည်း အသုံးပြုကြပြီ ဖြစ်ပါသည်။
ရှောက်ရည်တွင် Citric Acid ၅% ခန့် ပါဝင်ပါသည်။ ဗီတာမင်စီ (Vitamin C) လည်း အလွန်ကြွယ်ဝသည့် အပြင် ဗီတာမင်ဘီ၊ ကယ်လဆီယမ်၊ ဖော့စဖရပ်၊
မဂ္ဂနီဆီယမ်ကဲ့ သို့သော သတ္တုများ သာမက ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိတ် ဓာတ်များလည်း ပါဝင်ကြောင်း သိရပါသည်။
၎င်းအပြင် ယခုအခါ ဖိုလိတ် (Folate) နှင့် အမျှင်ဓာတ် (Fibre) များလည်း ပါဝင်ကာ
၎င်းအဆီတွင် လီမွန် နင် (Lemonene) ခေါ် ဓာတုဒြဗ်စင် တစ်မျိုးလည်း ပါဝင်ကြောင်း သိလာကြပြီ ဖြစ်သည်။
ရှောက်ရည် ၁၀၀ ဂရမ်တွင် ဗီတာမင်စီ ၆၀ ဂရမ်ပါဝင်သည့် အတွက် အသီးများထဲတွင် ဗီတာမင်စီ အများဆုံး ပါဝင်သော အမျိုးအစား ဖြစ်သည်။
ရှောက်ရည်ကို နံနက်စောစော သောက်သုံးမည် ဆိုပါက ကျန်းမာရေးအ တွက် အထောက်အကူ ဖြစ်စေပါသည်။
ရှောက်ရည်သည် သွားအတွက်လည်းကောင်းမွန်ပြီး လတ်ဆတ်သောရှောက်ရည်ကို သွားကိုက်သော နေ ရာကို သုတ်လိမ်းပေးပါက နာကျင်မှုကိုသက်သာစေပါသည်။
သွားဖုံးပြည်ယိုခြင်း၊ သွေးထွက်ခြင်း စသော သွားရောဂါများကို ပျောက်ကင်းစေပြီး ခံတွင်းအနံ့ဆိုးကိုလည်း ပျောက်စေ ပါသည်။
ရှောက်သီးသည် ရောဂါပိုးများကြောင့် ဖြစ်ပေါ်သော ပါးသီရောင်ခြင်း၊ လည်ချောင်း နာခြင်း စသော လည်ချောင်းအတွင်း ဖြစ်တတ်သော ရောဂါများ အတွက်လည်း ဆေးဘက်ဝင်စေပါသည်။
ရှောက်ရည်နှင့် ရေကို ဆတူရောပြီး မကြာခဏ အာခေါင် ကျင်းပေးခြင်းဖြင့်လည်း ချောင်းနာခြင်းကို လျှော့ချစေနိုင်ပါသည်။
ရှောက်ဖျော်ရည်ကို သောက်သုံးခြင်းဖြင့် အဓိက ကျန်းမာရေး အကျိုးကျေးဇူး များအနက် တစ်ခုမှာ ခန္ဓာကိုယ် အလေးချိန်ကို လျင်မြန်စွာ ကျစေခြင်း ဖြစ်သည်။
ရှောက်ရည်တစ်ဆ၊ ရေနွေး (ကြက်သီးနွေး) တစ်ဆကို ပျားရည်နှင့် ရော၍ သောက်ပါက ခန္ဓာကိုယ် အလေးချိန်ကို ကောင်းစွာ ကျစေနိုင်ပါသည်။
အစာမကြေခြင်းကြောင့် မူးဝေအော့အန်ခြင်း၊ ရင်ပူခြင်းတို့ ဖြစ်ပါက ရှောက်ရည်ကို ရေနွေးနှင့်ရော၍သောက်ခြင်းဖြင့် သက်သာစေနိုင်ပါသည်။
ရှောက်ဖျော်ရည်သည် လေချဉ်တက်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။ရှောက်သီးဖျော်ရည်ကို မှန်မှန် သောက်ပေးခြင်းအားဖြင့် အူသိမ်အူမများမှ
မလိုအပ်သော စွန့်ပစ် ပစ္စည်းများကို ဖယ်ရှားသည့်အခါ များစွာ အထောက် အကူ ဖြစ်စေပါသည်။
ရှောက်ရည်သည် သွေး ထဲမှ အညစ်အကြေးများ ကိုလည်း သန့်စင်စေပါသည်။ ဝမ်းချုပ်ခြင်းကိုလည်း ကုသပေးနိုင်ပါသည်။
ကြို့ထိုးလျှင်လည်း ရှောက်ရေကို သောက်ပေးခြင်းဖြင့် သက်သာစေပါသည်။Lemon Juice (ရှောက်ရည်) သည်
အသည်းအားဆေးရည် တစ်ခုဖြစ်သော သည်းခြေရည် ပိုမို ထုတ်ပေးပြီး အစာချေခြင်းကို ကူညီပေးနိုင်ပါသည်။
ခန္ဓာကိုယ်မှ ချွဲသလိပ် ထွက်ခြင်းကိုလည်း လျော့စေပါသည်။ ၎င်းသည် သည်းခြေတွင် တည်သော ကျောက်များ ပျော်ဝင်သွားစေရန် ကူညီနိုင် ပါသည်။
ရှောက်သီးသည် သဘာဝ ပိုးသတ်ဆေးတစ်မျိုး ဖြစ်ပြီး အရေပြားနှင့် ပတ်သက်သော ရောဂါများကို ကုသနိုင် သည်။
ရှောက်သီးသည် ဗီတာမင်စီ ကြွယ်ဝသော Citrus Fruit ဖြစ်ပြီး အရေပြားကို ပွတ်လိမ်းပေးပါက အစက်အပျောက်များ မှိန်ပြီး အလှတိုးစေပါသည်။
နေ့စဉ် ရှောက်ရည်ကို သောက်ပါက အရေပြားအလှကို သိသာလာစေမှာ ဖြစ်ပါသည်။
ရှိရင်းအသက် ထက် ပိုမို နုပျိုစေပြီး အရေပြားတွန့်ခြင်းကို ဖယ်ရှားစေပြီး ဆံပင်ကိုလည်း နက်စေပါသည်။
မီးလောင်ထားသော နေရာကို ရှောက်ရည် သုတ်လိမ်းပေး ပါက အမာရွတ်များကို မှိန်စေပါသည်။
ရှောက်ရည်သည် အေးသော သတ္တိရှိပြီး မီးလောင်သော အရေပြားကို အပူ လျော့စေပါသည်။
Zawgyi
ဇက္ေၾကာခဏခဏ တက္လွ်င္
ဇက္ေၾကာတက္ ေပ်ာက္ေဆးနည္း
ေဆးနည္း။ ။
ေရွာက္သီးတလုံးကို အရည္ညႇစ္ယူပါ။ၿပီးေနာက္ အခြံ၊ အေစ့၊ အရည္ သုံးမ်ိဴး းလုံးကို ဇလုံတခု ထဲထည့္ပါ၊
ဆား နည္းနည္းထဲ့ၿပီး ပြက္ပြက္ဆူေနေသာ ေရေႏြးျဖဴ ၂လီတာ ခန္႔ ထည့္ၿပီး အေအးခံပါ၊
နံနက္ တႀကိမ္ အိမ္ရာဝင္တႀကိမ္ အၾကမ္း ပန္းကန္လုံး တလုံး ပုံမွန္ေသာက္ပါ ။
စြမ္းအင္
ရက္ပိုင္းအတြင္းသိသိသာသာ ေပ်ာက္ကင္းပါသည္။ အဝလြန္ေသာသူမ်ား ေသာက္ပါက ေနာက္ေၾကာ ဇတ္ေၾကာ မတက္ေတာ့ျခင္း ၊ အေမာခံႏိုင္ျခင္း ၊
ထိခိုက္ရွနာ အက်က္ျမန္ျခင္း ၊ ကိုယ္လက္ ေပါ့ပါးသြက္ လက္ျခင္း တို႔ ျဖစ္ေစသည္။
ေရွာက္သီး အစြမ္း ႏွင့္ ေကာက္ႏွတ္ခ်က္မ်ား
ေရွာက္သီး (Lemon) သည္ အခ်ဥ္ဓါတ္ပါေသာ အသီးမ်ားအုပ္စု (Citrus Fruit) တြင္ ပါဝင္သည္။
Citrus Fruit အုပ္စုတြင္ လိေမၼာ္၊ သံပ႐ို၊ သံပရာႏွင့္ ဂရိတ္ဖ႐ုသီးမ်ားလည္း ပါဝင္ပါသည္။
ေရွာက္သီးသည္ ျပည္ တြင္းတြင္ ဖူလုံစြာ စားသုံးႏိုင္႐ုံသာမက ျပည္ပသို႔လည္း တင္ပို႔ေနေသာ ေဈးကြက္ဝင္ အသီးတစ္မ်ိဳးလည္းျဖစ္ပါသည္။
ေရွာက္သီးကို အိႏၵိယျပည္ အေနာက္ ေျမာက္ပိုင္း ေဒသတြင္စတင္ ေတြ႕ရွိရၿပီး ေရွးႏွစ္ေပါင္းမ်ား စြာ ကတည္းက အေရွ႕ေတာင္အာရွမွာ စိုက္ပ်ိဳးခဲ့ပါတယ္။
၁၂ ရာစု၊ ၁၃ ရာစု ေလာက္မွာ ဥေရာ ပ ႏိုင္ငံမ်ားသို႔ ေရာက္ရွိခဲ့ပါသည္။ျမန္မာျပည္တြင္ အပူပိုင္းေဒသမ်ား၌ အမ်ားဆုံး စိုက္ပ်ိဳးလာၾကၿပီ ျဖစ္ပါသည္။
လူအမ်ားစုသည္ ေရွာက္သီးနံ႔ ကို သေဘာတူၿပီး ဟင္းပြဲမ်ားတြင္ ထည့္သြင္း အသုံးျပဳလာၾကသကဲ့သို႔ ေဆးဘက္ဝင္ အသီးတစ္မ်ိဳး အျဖစ္ လည္း အသုံးျပဳၾကၿပီ ျဖစ္ပါသည္။
ေရွာက္ရည္တြင္ Citric Acid ၅% ခန္႔ ပါဝင္ပါသည္။ ဗီတာမင္စီ (Vitamin C) လည္း အလြန္ႂကြယ္ဝသည့္ အျပင္ ဗီတာမင္ဘီ၊ ကယ္လဆီယမ္၊ ေဖာ့စဖရပ္၊
မဂၢနီဆီယမ္ကဲ့ သို႔ေသာ သတၱဳမ်ား သာမက ပ႐ိုတင္းႏွင့္ ကာဗိုဟိုက္ဒရိတ္ ဓာတ္မ်ားလည္း ပါဝင္ေၾကာင္း သိရပါသည္။
၎အျပင္ ယခုအခါ ဖိုလိတ္ (Folate) ႏွင့္ အမွ်င္ဓာတ္ (Fibre) မ်ားလည္း ပါဝင္ကာ
၎အဆီတြင္ လီမြန္ နင္ (Lemonene) ေခၚ ဓာတုျဒဗ္စင္ တစ္မ်ိဳးလည္း ပါဝင္ေၾကာင္း သိလာၾကၿပီ ျဖစ္သည္။
ေရွာက္ရည္ ၁၀၀ ဂရမ္တြင္ ဗီတာမင္စီ ၆၀ ဂရမ္ပါဝင္သည့္ အတြက္ အသီးမ်ားထဲတြင္ ဗီတာမင္စီ အမ်ားဆုံး ပါဝင္ေသာ အမ်ိဳးအစား ျဖစ္သည္။
ေရွာက္ရည္ကို နံနက္ေစာေစာ ေသာက္သုံးမည္ ဆိုပါက က်န္းမာေရးအ တြက္ အေထာက္အကူ ျဖစ္ေစပါသည္။
ေရွာက္ရည္သည္ သြားအတြက္လည္းေကာင္းမြန္ၿပီး လတ္ဆတ္ေသာေရွာက္ရည္ကို သြားကိုက္ေသာ ေန ရာကို သုတ္လိမ္းေပးပါက နာက်င္မႈကိုသက္သာေစပါသည္။
သြားဖုံးျပည္ယိုျခင္း၊ ေသြးထြက္ျခင္း စေသာ သြားေရာဂါမ်ားကို ေပ်ာက္ကင္းေစၿပီး ခံတြင္းအနံ႔ဆိုးကိုလည္း ေပ်ာက္ေစ ပါသည္။
ေရွာက္သီးသည္ ေရာဂါပိုးမ်ားေၾကာင့္ ျဖစ္ေပၚေသာ ပါးသီေရာင္ျခင္း၊ လည္ေခ်ာင္း နာျခင္း စေသာ လည္ေခ်ာင္းအတြင္း ျဖစ္တတ္ေသာ ေရာဂါမ်ား အတြက္လည္း ေဆးဘက္ဝင္ေစပါသည္။
ေရွာက္ရည္ႏွင့္ ေရကို ဆတူေရာၿပီး မၾကာခဏ အာေခါင္ က်င္းေပးျခင္းျဖင့္လည္း ေခ်ာင္းနာျခင္းကို ေလွ်ာ့ခ်ေစႏိုင္ပါသည္။
ေရွာက္ေဖ်ာ္ရည္ကို ေသာက္သုံးျခင္းျဖင့္ အဓိက က်န္းမာေရး အက်ိဳးေက်းဇူး မ်ားအနက္ တစ္ခုမွာ ခႏၶာကိုယ္ အေလးခ်ိန္ကို လ်င္ျမန္စြာ က်ေစျခင္း ျဖစ္သည္။
ေရွာက္ရည္တစ္ဆ၊ ေရေႏြး (ၾကက္သီးေႏြး) တစ္ဆကို ပ်ားရည္ႏွင့္ ေရာ၍ ေသာက္ပါက ခႏၶာကိုယ္ အေလးခ်ိန္ကို ေကာင္းစြာ က်ေစႏိုင္ပါသည္။
အစာမေၾကျခင္းေၾကာင့္ မူးေဝေအာ့အန္ျခင္း၊ ရင္ပူျခင္းတို႔ ျဖစ္ပါက ေရွာက္ရည္ကို ေရေႏြးႏွင့္ေရာ၍ေသာက္ျခင္းျဖင့္ သက္သာေစႏိုင္ပါသည္။
ေရွာက္ေဖ်ာ္ရည္သည္ ေလခ်ဥ္တက္ျခင္းကိုလည္း သက္သာေစႏိုင္ပါသည္။ေရွာက္သီးေဖ်ာ္ရည္ကို မွန္မွန္ ေသာက္ေပးျခင္းအားျဖင့္ အူသိမ္အူမမ်ားမွ
မလိုအပ္ေသာ စြန္႔ပစ္ ပစၥည္းမ်ားကို ဖယ္ရွားသည့္အခါ မ်ားစြာ အေထာက္ အကူ ျဖစ္ေစပါသည္။
ေရွာက္ရည္သည္ ေသြး ထဲမွ အညစ္အေၾကးမ်ား ကိုလည္း သန္႔စင္ေစပါသည္။ ဝမ္းခ်ဳပ္ျခင္းကိုလည္း ကုသေပးႏိုင္ပါသည္။
ႀကိဳ႕ထိုးလွ်င္လည္း ေရွာက္ေရကို ေသာက္ေပးျခင္းျဖင့္ သက္သာေစပါသည္။Lemon Juice (ေရွာက္ရည္) သည္
အသည္းအားေဆးရည္ တစ္ခုျဖစ္ေသာ သည္းေျခရည္ ပိုမို ထုတ္ေပးၿပီး အစာေခ်ျခင္းကို ကူညီေပးႏိုင္ပါသည္။
ခႏၶာကိုယ္မွ ခြၽဲသလိပ္ ထြက္ျခင္းကိုလည္း ေလ်ာ့ေစပါသည္။ ၎သည္ သည္းေျခတြင္ တည္ေသာ ေက်ာက္မ်ား ေပ်ာ္ဝင္သြားေစရန္ ကူညီႏိုင္ ပါသည္။
ေရွာက္သီးသည္ သဘာဝ ပိုးသတ္ေဆးတစ္မ်ိဳး ျဖစ္ၿပီး အေရျပားႏွင့္ ပတ္သက္ေသာ ေရာဂါမ်ားကို ကုသႏိုင္ သည္။
ေရွာက္သီးသည္ ဗီတာမင္စီ ႂကြယ္ဝေသာ Citrus Fruit ျဖစ္ၿပီး အေရျပားကို ပြတ္လိမ္းေပးပါက အစက္အေပ်ာက္မ်ား မွိန္ၿပီး အလွတိုးေစပါသည္။
ေန႔စဥ္ ေရွာက္ရည္ကို ေသာက္ပါက အေရျပားအလွကို သိသာလာေစမွာ ျဖစ္ပါသည္။
ရွိရင္းအသက္ ထက္ ပိုမို ႏုပ်ိဳေစၿပီး အေရျပားတြန္႔ျခင္းကို ဖယ္ရွားေစၿပီး ဆံပင္ကိုလည္း နက္ေစပါသည္။
မီးေလာင္ထားေသာ ေနရာကို ေရွာက္ရည္ သုတ္လိမ္းေပး ပါက အမာ႐ြတ္မ်ားကို မွိန္ေစပါသည္။
ေရွာက္ရည္သည္ ေအးေသာ သတၱိရွိၿပီး မီးေလာင္ေသာ အေရျပားကို အပူ ေလ်ာ့ေစပါသည္။