ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံစာရင်းထဲ မြန်မာကို ဆက်ထည့်သွင်း

ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံစာရင်းထဲ မြန်မာကို ဆက်ထည့်သွင်း

နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အက်ဥပဒေအရ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်တဲ့ အစိုးရတွေ၊ အဖွဲအစည်းတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက နှစ်စဉ်သတ်မှတ်တာဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု ၊နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်ရဲ့ အခုလဆန်းမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ အရင်ကတည်းက ဘာသာရေးလွတ်လပ်ခွင့် နိမ့်ကျနေတဲ့ တိုင်းရင်းသားဒေသတွေမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အခြေအနေတွေ ပိုဆိုးလာတယ်လိုဖော်ပြခဲ့ပါတယ်။

ဒါ့ကြောင့်လူနည်းစု ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံကို အထူးစိုးရိမ်ရနိုင်ငံစာရင်းမှာ ဆက်လက် ထည့်သွင်းဖိုလည်း နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က တိုက်တွန်းခဲ့ပါတယ်။

မြန်မာ၊ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ အီရန် အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေကို စနစ်တကျ ကျုးလွန်ရာမှာ ပါဝင်ပတ်သက်နေတာ၊ ဒါမှမဟုတ် လက်ခံထားတာကြောင့် စိုးရိမ်စရာ နိုင်ငံတွေအဖြစ် သတ်မှတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကနိုဝင်ဘာ၁၇ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို VOA ကဖော်ပြပါတယ်။

ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်တဲ့ အစိုးရတွေအနေနဲ့ အားနည်းချက်တွေ၊ ဥပဒေတွေကို ပြင်ဆင်ပြီး အခြေအနေတွေ တိုးတက်လာအောင် အမေရိကန်က ဖိအားပေးမှာ ဖြစ်သလို၊ ကျုးလွန်သူတွေ တာဝန်ခံမှုရှိအောင် ကြိုးပမ်းမှာ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

Zawgyi

ဘာသာေရးလြတ္လပ္ခြင့္မရွိတဲ့ႏိုင္ငံစာရင္းထဲ ျမန္မာကို ဆက္ထည့္သြင္း

ႏိုင္ငံတကာ ဘာသာေရး လြတ္လပ္ခြင့္ဆိုင္ရာ အက္ဥပေဒအရ ဘာသာေရး လြတ္လပ္ခြင့္ ခ်ိဳးေဖာက္တဲ့ အစိုးရေတြ၊ အဖြဲအစည္းေတြကို အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးက ႏွစ္စဥ္သတ္မွတ္တာျဖစ္ပါတယ္။

အေမရိကန္ ျပည္ေထာင္စု ၊ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ ေကာ္မရွင္ရဲ႕ အခုလဆန္းမွာ ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာမွာ ျမန္မာႏိုင္ငံဟာ အရင္ကတည္းက ဘာသာေရးလြတ္လပ္ခြင့္ နိမ့္က်ေနတဲ့ တိုင္းရင္းသားေဒသေတြမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း အေျခအေနေတြ ပိုဆိုးလာတယ္လိုေဖာ္ျပခဲ့ပါတယ္။

ဒါ့ေၾကာင့္လူနည္းစု ဘာသာဝင္ေတြအေပၚ ဖိႏွိပ္မႈေတြ ရွိေနတဲ့ ျမန္မာႏိုင္ငံကို အထူးစိုးရိမ္ရႏိုင္ငံစာရင္းမွာ ဆက္လက္ ထည့္သြင္းဖိုလည္း ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ ေကာ္မရွင္က တိုက္တြန္းခဲ့ပါတယ္။

ျမန္မာ၊ တ႐ုတ္၊ ႐ုရွား၊ ေျမာက္ကိုရီးယား၊ အီရန္ အပါအဝင္ ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံဟာ ဘာသာေရး လြတ္လပ္ခြင့္ ခ်ိဳးေဖာက္မႈေတြကို စနစ္တက် က်ဳးလြန္ရာမွာ ပါဝင္ပတ္သက္ေနတာ၊ ဒါမွမဟုတ္ လက္ခံထားတာေၾကာင့္ စိုးရိမ္စရာ ႏိုင္ငံေတြအျဖစ္ သတ္မွတ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကႏိုဝင္ဘာ၁၇ ရက္မွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့တယ္လို VOA ကေဖာ္ျပပါတယ္။

ဘာသာေရး လြတ္လပ္ခြင့္ ခ်ိဳးေဖာက္တဲ့ အစိုးရေတြအေနနဲ႔ အားနည္းခ်က္ေတြ၊ ဥပေဒေတြကို ျပင္ဆင္ၿပီး အေျခအေနေတြ တိုးတက္လာေအာင္ အေမရိကန္က ဖိအားေပးမွာ ျဖစ္သလို၊ က်ဳးလြန္သူေတြ တာဝန္ခံမႈရွိေအာင္ ႀကိဳးပမ္းမွာ ျဖစ္ေၾကာင္းလည္း ႏိုင္ငံျခားေရးဝန္ႀကီးကေျပာပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *