သမီးရဲ့ရုပ်အလောင်းကို ပြန်လိုချင်နေရှာတဲ့အဖေရဲ့အဖြစ်

လက်နက်ကိုင်ဆန့်ကျင်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေလည်း ပါဝင်လာကြတာနဲ့အတူ ဒေသကာကွယ်ရေးတပ်တွေကို စစ်တပ်က ဝင်ရောက်စီးနင်းရာမှာ ဖမ်းဆီးခံရ၊ အသက်ဆုံးရှုံးရသူတွေထဲ အမျိုးသမီးတွေ ပါဝင်လာပါတယ်။စစ်ကိုင်းတိုင်း ၊ ကလေးမြို့ အနောက်ဘက်တောင်ကြောမှာရှိတဲ့ ကလေး PDF တပ်ရင်း ၃ အောက်က တပ်ခွဲစခန်းတခုကို နိုဝင်ဘာ ၁၆ရက်က စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်စီးနင်းသိမ်းပိုက်ခဲ့လို့ PDF ဆေးတပ်ဖွဲ့က အမျိုးသမီး ၁၀ ဦး နဲ့ အမျိုးသား ၂ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။အဲဒီစခန်းမှာ တပ်ဖွဲ့ဝင် ၂၀ ကျော်စခန်းချနေထိုင် နေကြပါတယ်။အဲဒီလို သိမ်းပိုက်ပြီးနောက် နိုဝင်ဘာ ၁၆ ရက် ၊ ၁၇ ရက် နှစ်ရက်ဆက်တိုက် နှစ်ဖက်တိုက်ပွဲတွေရှိခဲ့ပါတယ်။

စစ်ကောင်စီကလည်း သူတို့သိမ်းပိုက်ထားတဲ့ ကလေး PDF ရဲ့တပ်ခွဲ စခန်းမှာ ခြေကုပ်ယူတပ်စွဲထားခဲ့ပါတယ်။နိုဝင်ဘာ ၁၈ရက် မနက်လင်းအားကြီးအချိန်မှာတော့ မှာ စစ်ကောင်စီတပ်တွေဟာ သူတို့ဖမ်းထားတဲ့ ကလေး PDF တပ်ခွဲ ရဲ့ ဆေးအဖွဲ့က အမျိုးသမီး ၉ ဦးကိုခေါ်ပြီး နဂါးပွက်ဆိုတဲ့ ရွာကိုရွှေ့ပြောင်းသွားခဲ့ကြပါတယ်။

အဲဒီညနေပိုင်းမှာတော့ ကလေး PDF ကနေ သူတို့ရဲ့စခန်းနေရာကို သွားရောက်ရှင်းလင်းရာမှာတော့ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ဦး စုစုပေါင်း ၃ ဦးရဲ့ ရုပ်အလောင်းတွေကိုတွေ့ခဲ့ကြပါတယ်။အမျိုးသား ၂ဦးကတော့ ထန်းပွီးယာ ၂၇ နှစ် ၊ ရမ်မောယာ ၂၆ နှစ် နဲ့ ဆရာမချင်းချင်းလို့ ခေါ်ကြတဲ့ ဗျက်ရမ်ချင် ၂၃ နှစ် တို့ဖြစ်ပါတယ်။

မချင်းချင်းမှာ နဖူးကို သေနတ်နဲ့အပစ်ခံထားရတဲ့ ဒဏ်ရာရှိတယ်လို့ ကလေး ပီဒီအက်ဖ်က တာဝန်ရှိသူ တစ်ဦးရဲ့ ပြန်ပြောပြချက်အရ သိရပါတယ်။အမျိုးသားနှစ်ယောက်မှာတော့ မျက်နှာတွေမှာ ထုရိုက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရပြီး သုံးယောက်စလုံး ညှင်းပန်းနှိပ်စက် ခံထားရတဲ့ အနေအထားရှိတယ်လို့ ဆိုပါတယ်။

သီချင်းအဆိုကောင်းတဲ့ စေတနာ့ဝန်ထမ်း ဆရာမချင်းချင်းကလေးမြို့က ကလေး လူကြီးမကျန် ခင်မင်သိကျွမ်းကြတဲ့သူတွေကတော့ ချင်းလူမျိုး ဖြစ်တဲ့ မဗျက်ရမ်ချင် ကို ဆရာမချင်းချင်းလို့ပဲ ခေါ်ကြပါတယ်။အသက် ၂၃ နှစ်အရွယ် မချင်းချင်းဟာ ကလေးတက္ကသိုလ်မှာ အင်္ဂလိပ်စာ ဘာသာရပ်နဲ့ကျောင်းတက်နေဆဲ ကျောင်းသူတစ်ဦးပါ။ အင်္ဂလိပ်စာကို အဓိကသင်ပေးသလို စာသင်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုလို့ သူ့ကို ဆရာမချင်းချင်းလို့ခေါ်ကြတာပါ။

အိမ်က မွေးချင်း ၃ ယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ မချင်းချင်းဟာ ဖခင်ရဲ့ အချစ်တော်လို့ အိမ်နီးချင်းတွေကပြောကြပါတယ်။စိတ်ညစ်စရာတွေကို အကောင်းမြင်မှုနဲ့ ဖြတ်သန်းဖို့ လူတွေကိုအားပေးလေ့ ရှိသလို ဟာသအမြင်ရှိလို့ ပျော်ပျော်နေတတ်သူတစ်ဦးအဖြစ် ကလေးမြို့ က လူအများက လက်ခံကြပါတယ်။နောက်ထပ်သူ့ရဲ့အားသာချက်က အဆိုတော်တစ်ယောက်လို သီချင်းအဆိုကောင်းတာလို့ ပြောကြပါတယ်။

ကိုဗစ်တတိယလှိုင်းဒဏ်ကို အဆိုးဆုံးကြုံခဲ့ရတဲ့ကလေးမြို့မှာ မချင်းချင်းဟာ စာသင်တဲ့ဆရာမအဖြစ်ကနေ သူနာပြုဆရာအဖြစ်လည်းဆောင်ရွက်ခဲ့သလို အောက်ဆီဂျင်လိုတဲ့သူတွေကို နေ့မအိပ် ၊ ညမအိပ် အောက်ဆီဂျင်တန်းစီပြီးရှာပေးတဲ့ အမျိုးသမီးငယ်လေးအဖြစ် လူသိများပါတယ်။” သူကလူတွေကို သိပ်ကူညီတတ်တာ။ဘယ်လို ကူညီပေးရမလဲ အမြဲစဉ်းစားနေတဲ့ကလေးပါ။ ကိုဗစ်ကာလမှာ အိမ်တွေမှာ လူနာတွေကို ဆေးလိုက်စစ်ပေးတယ်။ မက်စ်တွေဝေတယ်။ အစားအသောက်တွေဝေတယ်။ အောက်ဆီဂျင် တန်းစီပေးတယ်။ လူမှုရေးအလုပ်ဆို တစ်အားစိတ်ဝင်စားတယ်။အားလပ်ရက်မှာ ဘုရားကျောင်းမှာလည်းကလေးတွေကိုစာသင်ပေးတယ်” လို့ မချင်းချင်းနဲ့ ခင်မင်တဲ့မိတ်ဆွေတစ်ဦးက ပြောပြပါတယ်။

တောထဲကလူတွေ ကျန်းမာရေးအတွက် ထွက်သွားခဲ့သူ

ငြိမ်းချမ်းစွာဆန္ဒပြတဲ့ကာလတွေမှာ တစ်ရက်မပျက် စစ်အာဏာသိမ်းဆန့်ကျင်ခဲ့တဲ့ မချင်းချင်းဟာ ခေတ်ဆိုးကနေ ရုန်းထွက်ချင်သူလို့ မိသားစုဝင်တွေကပြောပါတယ်။ကမ္ဘာကြီးဟာ ရွာကြီးဖြစ်နေတဲ့အချိန်မှာ အာဏာသိမ်းခံရတာဟာ လူငယ်တွေရဲ့အနာဂတ်ကိုရိုက်ချိုးတာလို့ အမြဲမကျေမနပ်နဲ့ ပြောလေ့ရှိတဲ့အကြောင်း ခင်မင်သူတွေက ပြန်ပြောကြပါတယ်။

ကလေးမြို့မှာ ကိုဗစ်ကုသရေးစင်တာတွေမှာ တာဝန်ထမ်းဆောင်နေရင်း ကိုဗစ်ဖြစ်ပွားမှု လျော့ကျလာတဲ့အချိန် သူစေတနာ့ဝန်ထမ်းအလုပ်လုပ်တဲ့ စင်တာကို ပြီးခဲ့တဲ့ ၂ လလောက်က ပိတ်လိုက်ပါတယ်။

အဲဒီနောက်မှာကတည်းက သူဟာ တောထဲရောက်နေတဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ကျန်းမာရေးအတွက် ဆေးပစ္စည်းနဲ့ဆေးသင်တန်း ခဏသွားရောက်ပို့ချချင်တဲ့အကြောင်း မိသားစုကို ကြိမ်ဖန်များစွာ ခွင့်တောင်းခဲ့တယ်လို့ သိရကြောင်း သူ့မိတ်ဆွေတွေက ပြောပြပါတယ်။

ငယ်ရွယ်လွန်းသူဖြစ်သလို အမျိုးသမီးဖြစ်လို့ မိသားစုက ပြတ်ပြတ်သားသားမငြင်းဆန်ပေမယ့် မသွားစေချင်တဲ့ဆန္ဒ နဲ့ စိုးရိမ်ပူပန်တာမျိုးရှိလို့ မိသားစုက ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်ပဲ မချင်းချင်းဟာ မိဘတွေဆီ ထပ်ပြီးခွင့်မတောင်းတော့ဘဲ တောထဲမှာလက်နက်ကိုင်ဆန့်ကျင်တဲ့ ဒေသကာကွယ်ရေးတပ်ဆီကို အရေးပေါ်လူနာပြုစုကုသနည်းနဲ့ ဆေးသင်တန်းပို့ချဖို့ထွက်ခဲ့ပါတယ်။

” ကျွန်တော်ကတော့ သမီးကငယ်တော့ မသွားစေချင်ခဲ့တာတော့ ပြောတယ်။ ဒါပေမဲ့ သူက ဒါက ဆေးကုပေးတာ။ လူတွေရဲ့အသက်ကို ကယ်တာပါ။ ဘယ်သူ့ကို မုန်းလို့ တိုက်ခိုက်ဖို့လည်း မဟုတ်ဘူးဆိုပြီး ပြန်ပြောတယ်။”

”ကျွန်တော်ကတော့ ဆေးကုတယ်ဆိုတာ ကောင်းတဲ့အလုပ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ နေပါဦး။ မသွားပါနဲ့ဦးလို့ တားတော့ ဘာမှ ထပ်မပြောတော့ဘဲ ဆေးပစ္စည်းတွေ ဝယ်ပြီးထွက်သွားတာပဲ။ အဲဒီနောက် ကျွန်တော်လည်း ဘာမှမသိရဘူး။ သူဆုံးပြီလို့ သူများလာပြောမှ သိရတာပဲ ” လို့ မချင်းချင်းရဲ့ ဖခင်က ပြောပြပါတယ်။

ဒေသကာကွယ်ရေးစခန်းအသိမ်းခံရစဉ် တွေ့ရှိရသည့်ဆက်စပ်ပစ္စည်းတွေလို့ဆိုကာ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ပုံတွေဒေသကာကွယ်ရေးစခန်းအသိမ်းခံရစဉ် တွေ့ရှိရတဲ့ဆက်စပ်ပစ္စည်းတွေလို့ဆိုကာ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတဲပုံတွေဧည့်သည် မချင်းချင်း နဲ့ တပ်ထဲက အမျိုးသမီးတွေကလေး ဒေသကာကွယ်ရေးတပ်ခွဲကို မချင်းချင်းရောက်ပြီး ကူညီပေးနေတာ ၁ လကျော်ပဲရှိသေးတယ်လို့ တပ်ခွဲပြန်ကြားရေးက ဘီဘီစီကိုပြောပါတယ်။

အရေးပေါ်ဆေးပညာနဲ့ ဒဏ်ရာပြင်းထန်တဲ့ အချိန်ကုသရတဲ့ ဆေးပညာတွေကို ဒေသကာကွယ်ရေးတပ်ထဲက ဆေးအဖွဲ့ အမျိုးသမီးတွေကိုဧည့်သည်အနေနဲ့ သင်တန်းပို့ချပေးသူပါ။ကိုဗစ်ကာလမှာ ဆေးပညာကို အတော်အတန် သင်ယူခဲ့တဲ့သူဟာ နောက်ထပ် အရေးပေါ်ကယ်ဆယ်ရေးဆေးပညာကိုထပ်တက်ပြီး ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ဖို့ အားတက်သရောရှိခဲ့တယ်လို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။ဒေသကာကွယ်ရေးတပ်ထဲဝင်ရောက်ပြီး ဆေးပညာ၊ ထောက်ပို့အပြင် လက်နက်ကိုင်တော်လှန်တဲ့ အမျိုးသမီးတွေ အများအပြားရှိတယ်လို့ ကလေး ဒေသကာကွယ်ရေးတပ်က ပြောပါတယ်။

စစ်ကောင်စီကို တွန်းလှန်နေတဲ့ မြောင် အမျိုးသမီးပြောက်ကျားစစ်သည်များ” ဆရာမချင်းချင်းကတော့ ဒေသကာကွယ်ရေးတပ်မှာ ဧည့်သည်ပေါ့ ။ ဒါပေမဲ့ သူ့ကို အခုလို ရုတ်တရက်ကြီး ဆုံးရှုံးရတဲ့အတွက် တော်တော် စိတ်ထိခိုက်ရတယ်။ လူတွေကို ကူညီဖို့အမြဲကြိုးစားနေတဲ့သူကျမှ ဘာလို့ဒီလိုဖြစ်ရတာလဲလို့တွေးပြီး ငိုရတယ် ” လို့ ကလေးမြို့ က မချင်းချင်းရဲ့ သူငယ်ချင်းအမျိုးသမီးက ပြောပြပါတယ်။

လက်ရှိမှာ တခြားဖမ်းဆီးခံရသူ ဒေသကာကွယ်ရေးတပ်ရဲ့ ဆေးအဖွဲ့အမျိုးသမီး ၉ ဦးကိုတော့ စစ်ကောင်စီက ကလေးမြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်- ဒကစ မှာ စစ်ကြောနေတယ်လို့ သိရပါတယ်။
မိခင်အတွက် အချောက်ချားဆုံးအချိန်

ကလေးဒေသကာကွယ်ရေးတပ်က အမျိုးသမီးတွေဖမ်းခံရတယ်လို့ သတင်းကြားရချိန်မှာ အဆက်အသွယ်မဲ့နေတဲ့ သမီးအတွက် မိသားစုက တော်တော်စိုးရိမ်ခဲ့ပြီး စုံစမ်းခဲ့ကြပါတယ်။

ဒီ့အတွက် ဘယ်သူကို မေးရမလဲ။ ဘယ်ကိုသွားရမလဲ ဆိုတဲ့ သမီးနဲ့ပတ်သက်တဲ့ အချက်အလက် ဘာတစ်ခုမှ မသိလို့ စိုးရိမ်စိတ်နဲ့ပဲ နီးစပ်ရာကိုမေးရင်း စုံစမ်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နှစ်ရက်လောက်အထိ ဘာတစ်ခုမှ မသိခဲ့ရသလို အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့တဲ့ဓာတ်ပုံထဲ သမီးရဲ့ ပုံမပါလို့ အသက်အန္တရာယ်ကို ပိုပြီးစိုးရိမ်နေခဲ့ရတယ်လို့ ဆိုပါတယ်။

မချင်းချင်းဖုန်းကို တောက်လျှောက်ခေါ်နေခဲ့ပေမဲ့ ဖုန်းက ဝင်နေပြီးကိုင်မယ့်သူမရှိခဲ့တဲ့အချိန်တွေဟာ သူ့မိခင်အတွက် အချောက်ချားဆုံးအချိန်ပဲလို့ အသံတိမ်ဝင်သွားတဲ့အထိ မချင်းချင်းဖခင်က ပြန်ပြောပြပါတယ်။

နိုဝင်ဘာ ၁၈ရက် ညနေပိုင်းမှာတော့ နီးစပ်ရာစုံစမ်းထားတဲ့အထဲ ကလေးမြို့ အနောက်ဘက်က ရွာလူကြီးတစ်ဦးကတဆင့် မချင်းချင်းရဲ့ရုပ်အလောင်းကို တွေ့ရှိရကြောင်း အကြောင်းကြားချိန်မှာတော့ အရုပ်ကြိုးပြတ်ဖြစ်ခဲ့ရတယ်လို့ ဖခင်ဖြစ်သူက ပြောပြပါတယ်။

“အွန်လိုင်းမှာ အဖမ်းခံရတဲ့ အမျိုးသမီးလေးတွေရဲ့ ဓာတ်ပုံတွေ နည်းနည်းတွေ့ပေမယ့် အစကတော့ ကျွန်တော်တို့လည်း သူ ပါမပါမသိဘူးလေ။သူကဘယ်သွားလို့ ဘာလုပ်လဲ ကျွန်တော်တို့ မသိဘူးဆိုတော့လေ။ အဲဒီလိုနေရင်း မေးရင်းနဲ့ ၁၈ရက်နေ့ညနေမှ သူဆုံးတာ သိရတာ။ သူ့အမေကတော့ငိုတာ အခုထိမရပ်သေးဘူး” လို့ ဆိုပါတယ်။

သူ့သမီး မချင်းချင်းလို ပညာတတ်၊ လူငယ်လူရွယ်လေးတွေ အခုလို မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာမျိုး မဖြစ်စေချင်ဘူးလို့ မချင်းချင်းဖခင်က ပြောပါတယ်။

ဒေသအခြေအနေကြောင့် မချင်းချင်းတို့သုံးဦး သေဆုံးခဲ့တဲ့နေရာကို မိသားစုက လာလို့မရသလို၊ သူ့အိမ်ကိုလည်း အလောင်းလည်းပြန်ပေးဖို့လည်း မဖြစ်နိုင်လို့ အဲဒီစခန်းနေရာမှာပဲ နိုဝင်ဘာ ၁၈ ရက်ညနေပိုင်းမှာ မြေချဈာပနာလုပ်ပေးခဲ့ရတယ်လို့ ကလေး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မချင်းချင်းရဲ့ဖခင်ကတော့ သမီးရုပ်အလောင်းကိုမမြင်ရပါဘဲ အိမ်မှာ နာရေးလုပ်ရတာ အင်မတန်ရင်နာရတဲ့အခြေအနေပဲလို့ ဖခင်ဖြစ်သူက ငိုသံစွက်လို့ ပြောပါတယ်။

” ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ် သမီးရဲ့ရုပ်အလောင်းကို ပြန်ယူချင်တာပေါ့ဗျာ။ သွားယူလို့ရတဲ့အချိန် အရိုးပဲဖြစ်ဖြစ် ဘယ်လိုပဲရရ ပြန်ယူလာပြီးတော့မှ ဒိုးဝိုင်းချောင်းသင်္ချိုင်းမှာ အုတ်ဂူလေးနဲ့ကမ္ပည်းစာလေးနဲ့ လုပ်ပေးချင်တယ်ဗျာ။”

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *