ကိုဇေယျာသော် အဖမ်းခံလိုက်ရတာနဲ့ ပတ်သက်ပြီး ထိထိမိမိပြောဆိုလိုက်တဲ့ မေဦး

ကိုဇေယျာသော် အဖမ်းခံလိုက်ရတာနဲ့ ပတ်သက်ပြီး ထိထိမိမိပြောဆိုလိုက်တဲ့ မေဦး

နိုင်ငံကျော် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မေဦးကတော့ သူ့ရဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမှုကြောင့် အနုပညာအသိုင်းအဝိုင်း မှာသာမက ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားသူလေးတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့မိတ်ကပ်ပညာကြောင့်သာမက ဟန်လင်းရဲ့ အချစ်ရေးကြောင့်လည်း ပရိသတ်တွေကြားမှာ နာမည်ကြီးနေသူလေးလဲ ဖြစ်ပါတယ်။

Makeup Artist မေဦးကတော့ မြန်မာနိုင်ငံ တွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထုလှုပ် ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။သူ့ရဲ့ သတ္တိရှိမှုတွေ ကိုလည်း ပရိသတ်တွေက အရမ်းကို လေးစားအားကျနေကြရတာပါ။ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း လက်ရှိဖြစ်နေတဲ့ သတင်းအချက် အလက်တွေကိုတော့ မေဦးရဲ့ လူမှုကွန်ယက် များတွင် ဝေမျှပေးနေတာပါ။

မနေ့ကလည်း မေဦးက NLD ပါတီဝင်ဖြစ်သလို နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ အတက်ကြွဆုံး အားအထားရဆုံးဖြစ်တဲ့ ကိုဖြိုးဇေယျာသော်အဖမ်းခံရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မေဦးကတော့ ကိုဇေယျာသော်တစ်ယောက်အဖမ်းခံလိုက်ရတာနဲ့ အားမလျော့သွားဘူး၊ ကြောက်မသွားတဲ့အပြင် သွေးတွေတောင်ပိုပြီးဆူပွက်လာသေးတယ်ဆိုပြီး ရဲရဲဝံ့ဝံ့ပြောလာခဲ့တာပဲဖြစ်ပါတယ်။

သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ “”ကံ” တရားဆိုပြီး စမ်းဝါးဝါးနဲ့လျှောက်လှမ်းနေတာမဟုတ်ဘူး။ အမှန်တရားဆိုတဲ့လမ်းကို အသက်ပေးပြီးသွားနေတာလို့ ပြောပြနေတဲ့မျက်လုံးနဲ့မျက်နှာထား ပြည်သူတွေကဒီပုံတွေမြင်လို့ အားမလျော့သွားဘူးကြောက်မသွားဘူးသွေးတွေပဲပိုဆူလာတယ်ဆိုတာသိဖို့ 🔥” ရေးသားထားတာပဲ ဖြစ်ပါတယ်။

Zawgyi

ကိုေဇယ်ာေသာ္ အဖမ္းခံလိုက္ရတာနဲ႕ ပတ္သက္ၿပီး ထိထိမိမိေျပာဆိုလိုက္တဲ့ ေမဦး

နိုင္ငံေက်ာ္ မိတ္ကပ္ပညာရွင္တစ္ေယာက္ျဖစ္တဲ့ ေမဦးကေတာ့ သူ႕ရဲ႕ မိတ္ကပ္ျပင္ဆင္ျခယ္သမႈေၾကာင့္ အႏုပညာအသိုင္းအဝိုင္း မွာသာမက ပရိသတ္ေတြၾကားမွာ ေအာင္ျမင္ေက်ာ္ၾကားသူေလးတစ္ေယာက္ ျဖစ္ပါတယ္။ သူ႕ရဲ႕မိတ္ကပ္ပညာေၾကာင့္သာမက ဟန္လင္းရဲ႕ အခ်စ္ေရးေၾကာင့္လည္း ပရိသတ္ေတြၾကားမွာ နာမည္ႀကီးေနသူေလးလဲ ျဖစ္ပါတယ္။

Makeup Artist ေမဦးကေတာ့ ျမန္မာနိုင္ငံ တြင္ လက္ရွိ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ ရွားမႈေတြမွာ တက္ႂကြစြာ ပါဝင္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲဆိုခံထားရတာ ျဖစ္ပါတယ္။သူ႕ရဲ႕ သတၱိရွိမႈေတြ ကိုလည္း ပရိသတ္ေတြက အရမ္းကို ေလးစားအားက်ေနၾကရတာပါ။ အေျခအေနအရပ္ရပ္ေၾကာင့္ တိမ္းေရွာင္ေနရေပမယ့္လည္း လက္ရွိျဖစ္ေနတဲ့ သတင္းအခ်က္ အလက္ေတြကိုေတာ့ ေမဦးရဲ႕ လူမႈကြန္ယက္ မ်ားတြင္ ေဝမွ်ေပးေနတာပါ။

မေန႕ကလည္း ေမဦးက NLD ပါတီဝင္ျဖစ္သလို ေႏြဦးေတာ္လွန္ေရးလႈပ္ရွားမႈမွာ အတက္ႂကြဆုံး အားအထားရဆုံးျဖစ္တဲ့ ကိုၿဖိဳးေဇယ်ာေသာ္အဖမ္းခံရတဲ့အေၾကာင္းနဲ႕ ပတ္သက္ၿပီး ေမဦးကေတာ့ ကိုေဇယ်ာေသာ္တစ္ေယာက္အဖမ္းခံလိုက္ရတာနဲ႕ အားမေလ်ာ့သြားဘူး၊ ေၾကာက္မသြားတဲ့အျပင္ ေသြးေတြေတာင္ပိုၿပီးဆူပြက္လာေသးတယ္ဆိုၿပီး ရဲရဲဝံ့ဝံ့ေျပာလာခဲ့တာပဲျဖစ္ပါတယ္။

သူ႕ရဲ႕ လူမႈကြန္ယက္ေပၚမွာ “”ကံ” တရားဆိုၿပီး စမ္းဝါးဝါးနဲ႕ေလွ်ာက္လွမ္းေနတာမဟုတ္ဘူး။ အမွန္တရားဆိုတဲ့လမ္းကို အသက္ေပးၿပီးသြားေနတာလို႔ ေျပာျပေနတဲ့မ်က္လုံးနဲ႕မ်က္ႏွာထား ျပည္သူေတြကဒီပုံေတြျမင္လို႔ အားမေလ်ာ့သြားဘူးေၾကာက္မသြားဘူးေသြးေတြပဲပိုဆူလာတယ္ဆိုတာသိဖို႔ 🔥” ေရးသားထားတာပဲ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.